unicode
ရေချိုးခန်းထဲတွင် အေးတစ်ယောက် ညအိပ်ဝတ်စုံဂါဝန်ရှည်ကို
ဝတ်ဆင်ထားပြီး ကျေနပ်စွာပြုံးမိသည်။ရှေ့ပိုင်းကလုံခြုံပေမယ့်
နောက်ကျောတွင်တော့အပေါက်ကျယ်ကျယ်တစ်ခုပါသည်။
ငွေရောင်ဂါဝန်ရှည်က ဖြူနုနေတဲ့သူ့အသားအရည်ပေါ်ထင်းနေသည်။အမျိုးသမီးများလို ရင်သားမပါပေမယ့်လည်း ရင်ဘတ်ပေါ်ဆံနွယ်များချထားသောကြောင့် ကြည့်ရသိပ်မဆိုးပေ။မာမီပြောထားသည့်အတိုင်း မောင့်ကိုမြူစွယ်ရမည်။
မာမီ့ကို လွှဲမချတော့ပါဘူးလေ..ဟီး..အေး ကိုယ်တိုင်စမ်းကြည့်
ချင်တာလည်း နည်းနည်းပါတာပေါ့။ဒီညတော့မောင့်ရင်ထဲ အေး ကိုသာ ဆေးစွဲသလို စွဲသွားစေရမည်။
တစ်ကိုယ်လုံးလှည့်ပတ်ကြည့်ရှူပြီး ရေချိုးခန်းထဲမှ ကျောကျောမော့မော့လေး ထွက်လာခဲ့သည်။သူထွက်လာတော့ မောင်က ကုတင်ပေါ်ကျောမှီနေရင်း
မျက်မှန်လေးတပ်ပြီး laptopတစ်ခုဖြင့်အလုပ်လုပ်နေသည်။အေး လက်သီးဆုပ်လေး နှုတ်ခမ်းနားတေ့ပြီး ချောင်းဟန့်လိုက်သည်။
"အဟမ်း!အဟမ်း!"
မောင်ကသူ့ကိုတစ်ချက်မှမော့မကြည့်ဘဲ အလုပ်ကိုသာအာရုံစိုက်နေလေသည်။
အေး မျက်မှောင်ကြုတ်သွားရကာ..."အဟမ်း!အဟမ်း!"
"ချောင်းဆိုးရင် ဆေးသောက်လေ ပူကြူးရဲ့"
အလုပ်ကိုအာရုံစိုက်နေရင်းသား ပြောနေတဲ့မောင်ကြောင့်
အေး ဒေါသထွက်လာရသည်။"မောင့်!"
"..."
ထိုအခါမှ မောင့်က သူ့ကိုမော့ကြည့်လာသည်။
ခေါင်းအစခြေအဆုံးစိုက်ကြည့်နေသည်မှာ၁မိနစ်လောက်ကြာသည်။အသက်ရောရှူရဲ့လားမသိ။
အေး မနေတတ်ဖြစ်နေပေမယ့်လည်း အရဲစွန့်ကာ ခန္ဓာကိုယ်ကို
တစ်ပတ်လှည့်ပြလိုက်ရင်း မေးလိုက်သည်။

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺