အပိုင္​း-၁၉

11.2K 809 9
                                    

unicode

"မင်္ဂလာပါ ကျွန်​​တော့်နာမည်​က ​ဝေယံဟိန်းထက်​ပါ"

"..."

​အေး ​ရှေ့ကို​ရောက်​လာတဲ့လက်​တစ်​ဖက်​​ကြောင့် ​အေးလည်း​ယောင်​​တောင်​​တောင်​ဖြင့် ကြည့်​နေမိသည်​။ထိုအခါထိုသူက
​ချောင်းဟန့်ကာ သူ့လက်​သူပြန်​ရုတ်​သွားသည်​။

"ကျွန်​​တော်​က မြူ့သူငယ်​ချင်းပါ မြို့က​နေအလည်လာတာ"

"...."

အ​ကြောင်းက​တော့ သူကြီးက​တော်​​ခေါ်လို့ ​အေး သူကြီးတို့အိမ်​​ရောက်​​နေခြင်းဖြစ်​သည်​။ဒီ​ရောက်​​တော့ မြို့ကဆိုတဲ့လူက ​အေး
ထိုင်​​နေတဲ့အနားလာ​ရောက်​ကာ မိတ်​ဖွဲ့​နေခြင်းဖြစ်​သည်​။

"မနာမည်​​လေးက?"

"ဘာလုပ်​ဖို့လဲ?"

"ဗျာ...ဟို ကျွန်​​တော်​က ကျွန်​​တော့်နာမည်​ကိုမိတ်​ဆက်​ပြီးပြီ​လေ
အဲ့​တော့ မလည်း..."

"မင်းနာမည်​ကိုငါ​မေးမိလို့လား?"

"မက ​ချေတယ်​​နော်​ ကျွန်​​တော့်ဘဝမှာ မ လို မိန်းက​လေးမျိုးတစ်​ခါ
မှမ​တွေ့ဖူး​သေးဘူး..ကျွန်​​တော်​ကလည်း အဲ့ဒါ​လေးကိုမှ
သ​ဘောကျတာ"

"ဒီမှာ!.ငါက.."

"​အေး​ရေ..."

အိမ်​ထဲမှထွက်​လာတဲ့ သူကြီးက​တော်​​ကြောင့်​ သူတို့နှစ်​​ယောက်​
စကားပြတ်​သွားသည်​။​အေးလည်း ထိုသူ့​ဘေးနားကထထွက်​လာကာ သူကြီးက​တော်​အနား​လျှောက်​လာလိုက်​သည်​။

"​အေး တဲ့လား?"

ကျန်​​ခဲ့တဲ့​ဝေယံမှာ​တော့ ထွက်​သွားတဲ့​နောက်​​ကျော​လေးကိုကြည့့်ကာ ရင်​နဲ့တဒုတ်​ဒုတ်​ခုန်​​နေမိသည်​။

"ဟဲ့ ​ဝေယံ"

ခဏ​နေ​တော့ သူငယ်​ချင်းဖြစ်​သူမြူခိုး​ဝေ​ရောက်​လာသည်​။

"​​​ဟေ"

"ဘုရားသွားကြမယ်​​လေ"

"အင်း..ခဏ​လေး"

​ဝေယံကြည့်​နေတဲ့​နေရာကို မြူလိုက်​ကြည့်မိ​တော့ အ​မေနဲ့စကား​ပြော​နေတဲ့ နှိုင်းမရ​ဖြစ်​​နေသည်​။

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now