unicode
"ဘာပြောချင်လို့လဲ?"
အရေးတကြီးပြောစရာရှိတယ်ဆိုပြီး အေးကိုချိန်းသောကြောင့်
ကန်ဘောင်သို့အေးရောက်လာခြင်းဖြစ်သည်။"ရောက်လာပြီလား?"
"အင်း..အိမ်မှာအလုပ်တွေပစ်ထားခဲ့ရတာ ဘာပြောမလို့လဲ မြန်မြန်ပြော"
အေး ပုံစံကအလုပ်ရှုပ်နေတဲ့ပုံပေါ်သည်။သို့ပေမဲ့ မတတ်နိုင်။
ကုဋေလည်းကန်ဘောင်မှာလူရှင်းတဲ့အချိန် ချိန်းလိုက်ရခြင်းဖြစ်သည်။"ဘာလို့အဲ့လောက်တောင်အလျင်လိုနေတာလဲ?မောင်ကလွမ်းလို့
ဟာကို...""အမြဲတမ်းမြင်နေရတာကို ဘာလွမ်းစရာရှိလို့လဲ?"
အေးပြောတော့ သူကပြုံးသည်။ပြီးနောက် ကန်ဘောင်မှလျှောဆင်းကာ ရေစပ်နားလျှောက်သွားသည်။အေး မောင့်ကိုနားမလည်သလို
ကြည့်ကာ..."ဘာလုပ်မလို့လဲ?"
"အေး!!"
ကန်ဘောင်ပေါ်မှအေးကို လှမ်းကြည့်ကာခေါ်လိုက်တဲ့မောင်။
"မောင်မလုပ်တတ်တာဘာမှမရှိဘူး!ဒါပေမယ့်...."
"..."
"မောင်ရေမကူးတတ်ဘူး!"
"ဟမ်!ရေမကူးတတ်ဘဲ ရေထဲကို ဘာဆင်းလုပ်တာလဲ?!"
"မောင့်ကိုချစ်ရင်လာကယ်ပါ!!"
အေး ကိုပြုံးကြည့်ကာ ရေကန်ထဲနောက်ပြန်ဆင်းသွားတဲ့မောင်။
"မရူးချင်နဲ့!မင်းကုဋေ!ပြန်တက်ခဲ့!"
မောင်က ခေါင်းအသာရမ်းကာ ပြုံးရင်း နောက်သို့တစ်လှမ်းချင်းဆုတ်သွားသည်။ရေကလည်း မောင့်ရင်ဘတ်နားအထိမြုပ်နေလေပြီ။
"ပြန်တက်ခဲ့လို့!!"
"မောင့်ကိုချစ်ရင်လာကယ်လေ!!"
ပြောပြီး ရေထဲသို့တစ်ကိုယ်လုံးမြုပ်သွားတဲ့မောင်။

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺