အပိုင္​း-၁၁

10.5K 863 28
                                    

unicode

"နှိုင်းမမှီ နင်​ဘာဖြစ်​​နေတာလဲ?"

​ကန်​​ရေပြင်​ကို မှိုင်​​တွေ​တွေ​လေး​ငေး​နေတဲ့ သူငယ်​ချင်းဖြစ်​သူအား
ခါချဉ်​​မေးလိုက်​သည်​။ဘာမှမ​ပြောမဆိုဘဲ သူငါးမျှားတဲ့​ဘေးလာ
ထိုင်​ကာ မှိုင်​​နေခြင်းဖြစ်​သည်​။

"ဟင်း"

"ဘာလို့ ​မေးတာမ​ဖြေဘဲ သက်​ပြင်းချည်းချ​နေတာလဲ?"

"အခုတ​လော '​အေး'ကိုကြည့်ရတာ စိတ်​မချမ်းသာလို့"

"ဟင်​?'​အေး'ကဘာဖြစ်​လို့လဲ?"

"ငါလည်း ​သေချာမသိဘူး..အခုတ​လောအခန်းထဲက​နေ မထွက်​ဘူး..ထမင်းလည်းမစားဘူး..​နောက်​​တော့ ငါစိတ်​မ​ကောင်းဖြစ်​မှာ
စိုးလို့တဲ့ နှစ်​လုပ်​​လောက်​ဘဲစားတယ်​"

"...."

"ငါသူ့ကြည့်ရတာတမျိုးကြီးခံစား​နေရတယ်​...ငါ့ဘဝမှာ'​အေး'​အခုလိုဖြစ်​တာ ပထမဆုံးမြင်​ဖူးတာဘဲ"

​ဖေ​ဖေနဲ့​မေ​မေဆုံးတုန်းက​တောင်​ ဒီ​လောက်​ထိမဖြစ်​ဖူးဘူး။နှိုင်းမမှီ
လည်း နားမလည်​နိုင်​ဖြစ်​​နေသည်​။သူချက်​တာ ခံတွင်းမ​တွေ့ဘူး
ထင်​ပြီး ​ဒေါ်​လေး​စောတို့အိမ်​က ဟင်းသွားယူပြီး​ကျွေးကြည့်တယ်​။
အရာ​တောင်​မရွင်း။အခန်းထဲသွား​ချောင်းကြည့်မိရင်​လည်း ဒူး​ပေါ်
လက်​တင်​ပြီး ကျုံ့ကျုံ့​လေးထိုင်​​နေသည်​။ည​တွေ အိပ်​​ရောအိပ်​ရဲ့
လားမသိ။

"သူ့အပြုအမူ​တွေကထူးဆန်းတယ်​..ငါ​တော့နားမလည်​နိုင်​​တော့ဘူး"

"ဝမ်းချုပ်​​နေလို့လားမသိ?"

​ဖြောင်း!

ခါချဉ်​က​တွေးဆဆဖြင့်​ပြော​တော့ နှိုင်းမမှီနားရင်းအုပ်​လိုက်​သည်​။

"အား!ဘာလို့လာရိုက်​​နေတာလဲ?!"

"နင်​က​ပေါက်​ကရ​တွေ​လျှောက်​​ပြော​နေတာကို!"

"ငါလည်းငါထင်​တာ​ပြောတာ​လေ!"

"ဟူး..."

နှိုင်းမမှီ​ခေါင်းရမ်းကာ ကန်​​ရေပြင်​ဘက်​ပြန်​လှည့်လိုက်​သည်​။ခါချဉ်​
က​တော့ ရိုက်​ခံရတဲ့လည်​ဂုတ်​​လေးကိုပွတ်​ကာ ပွစိပွစိ​ရေရွတ်​​နေ​တော့သည်​။

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now