အပိုင္​း-၈

11.4K 948 20
                                    


unicode

"ပြန်​မလာဖြစ်​​သေးဘူး daddy"

"ဘာလဲ?ရွာမှာလည်း ထပ်​ပြီးပြသနာ​တွေထပ်​လုပ်​​နေတာလား?"

"ဒီရွာ​ရောက်​ကတည်းက ပြသနာတစ်​ခုမှမလုပ်​မိ​သေးဘူး
ယုံတာမယုံတာ daddyအပိုင်း"

သူ​ပြော​လိုက်​​တော့ ဖုန်းထဲကdaddyရယ်​သံက ​လှောင်​​နေပြန်​သည်​။ ကု​ဋေ လည်း​ခေါင်းရမ်းကာပြုံးလိုက်​သည်​။

"​လေး​လေး​ရော?"

"​ဘေးမှာရှိတယ်​.​ပြောဦးမလား?"

"​နေပါ​စေ..အားလုံးကျန်းမာ​ရေးဂရုစိုက်​ကြ"

"​အမယ့်..ငါ့သားက ရွာ​ရောက်​မှ ယဉ်​​ကျေးလို့ပါလား?"

ရွဲ့​ပြော​တဲ့ daddyစကားကို ကု​ဋေ ရယ်​သံဖြင့်သာတုံ့ပြန်​လိုက်​သည်​။

"ဒါဆိုဖုန်းချလိုက်​​တော့မယ်​"

"​အေး!တစ်​ခါတည်းမှာလိုက်​မယ်​ သူများရွာမှာ​နေတုန်း အိမ်​ရှင်​တွေ​ကိုဒုက္ခမ​ပေးမိ​စေနဲ့..ကြားလား?အားနာစရာ​ဖြစ်​​အောင်​လည်း
မ​နေနဲ့..ပြီး​တော့.."

တီ!

မရိုးနိုင်​တဲ့ ဓာတ်​ပြား​ဟောင်းကြီးကိုပြန်​ပြန်​ဖွင့်​နေ​သော​ကြောင့်
daddy​ပြောလို့မပြီးခင်​ ဖုန်းချပစ်​လိုက်​သည်​။daddy
စကား​တွေက ဘယ်​​နှခါ​ပြော​ပြောနားရည်​၀​နေပြီ။နား​ထောင်​သလားဆို​တော့လည်း ​နားမ​ထောင်​ခဲ့ပါ။

"​ဒေါ်​လေး​စော!​ဒေါ်​လေး​စော!"

အိမ်​​ရှေ့မှအသံကြား၍ ကု​ဋေ ​နောက်​​ဖေးမှထွက်​လာခဲ့သည်​။

"...."

အိမ်​​ရှေ့​ရောက်​​တော့ လက်​ထဲမှာ ဟင်းပန်းကန်​​လေးတစ်​လုံးနဲ့ရပ်​
​နေတဲ့ နှိုင်းမရ။ဒီ​နေ့​တော့ မျက်​နှာ​ပေါ်တွင်​သနပ်​ခါးလိမ်းထားသည်​။​သနပ်​ခါးရနံ့က သူ​ရှိ​နေတဲ့​လှေကားအထိ​သင်းပျံ့​တော့ တစ်​ခဏ
တာ ရှူရှိုက်​မိ​သည်​။

"​ဒေါ်​လေး​စော​ရော?"

"ရွာထဲသွားတယ်​"

"ဒါဆို ဒီဟင်း​လေး​ပေးခဲ့မယ်​"

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now