unicode"သား!မင်းသူငယ်ချင်းကို အခြားတစ်နေရာကိုခေါ်သွားလိုက်ဦး!
အမေငရုတ်သီးကြော်မလို့ တော်ကြာအနာကိုညော်ဝင်မှာစိုးလို့""ဟုတ်ကဲ့ အမေ!"
ဒေါ်ခင်စော မီးဖိုချောင်ထဲမှ လှမ်းအော်လိုက်တော့ မိုးထက်
ပြန်ဖြေလိုက်သည်။
ကုဋေကဒဏ်ရာကြောင့် ဘယ်မှမသွားနိုင်တစ်ပတ်လောက် အိမ်ထဲမှာဘဲနေနေရသည်။ဆေးဆရာနဲ့သေချာပြထားသော်လည်း ပိုးဝင်တာတို့ဘာတို့ဖြစ်မည်စိုးသောကြောင့် ဘယ်မှမသွားခိုင်းတာလည်းပါသည်။ခုတော့တော်တော်လေးထောက်နိုင်နေပြီဖြစ်သည်။"မိုးထက် ငါတို့ဘယ်ကိုသွားကြမှာလဲ?"
ရှိုင်း မေးလိုက်တော့ မိုးထက်က တစ်ချက်စဉ်းစားကာ...
"မြူတို့အိမ်သွားကြအောင်လေ"
"အဲ့အိမ်က အရှေ့ပိုင်းမှာမလား?ငါအဝေးကြီးမသွားချင်ဘူး"
ကုဋေပြောတော့ မိုးထက်က...
"သွားရအောင်ပါကွာ..မင်းနေမကောင်းဖြစ်တုန်းက သူတို့အိမ်ကဘဲ
ဟင်းတွေလာလာပို့နေတာ ကျေးဇူးတင်စကားလေးဘာလေးတော့
ပြောမှပေါ့""ဟုတ်တယ် ကုဋေရ..သွားကြရအောင်ပါကွာနော်.ပြီးတော့ငါလည်းအဲ့အိမ်ကိုမရောက်ဘူးသေးဘူးလေ"
ရှိုင်းကပါ ဝင်ထောက်ခံတော့ ကုဋေ သက်ပြင်းတစ်ချက်ချကာ
ခေါင်းငြိမ့်ပြလိုက်သည်။ရွာလမ်းမကြီးတိုင်း လျှောက်လိုက်ကြသည်မှာ အရှေ့ပိုင်းကိုပင်
ရောက်လာခဲ့တော့သည်။သူတို့ရောက်လာကြတော့ သူကြီးတို့
မိသားစုက အားရဝမ်းသာကြိုဆိုကြသည်။စားပွဲကြီးကြီးတစ်ခုပေါ်
တွင် လက်ဖက်သုပ်၊ဂျင်းသုပ်၊ထန်းလျက်ခဲ မျိုးစုံဖြင့်ဧည့်ခံကြသည်။ ကုဋေတို့သုံးယောက်လည်း တန်းလျားတစ်ခုတွင်ဝင်ထိုင်လိုက်သည်။"အကြမ်းရည်လေးသောက်ကြနော် သားတို့"
သူကြီးကတော်က ဧည့်ဝတ်ကျေစွာဧည့်ခံတော့ ကုဋေတို့လည်း
ပြုံးရင်းခေါင်းငြိမ့်ပြလိုက်သည်။မိုးထက်နှင့်ရှိုင်းတို့ကတော့ စားပွဲ
ပေါ်မှ လက်ဖက်သုပ်၊ဂျင်းသုပ်ပန်းကန်တွေကိုဆွဲတီးနေလေပြီ။

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romance🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺