အပိုင္​း-၂၅

11K 746 6
                                    


unicode

​​​ကျောင်း​တွေပြန်​ဖွင့်ပြီဆို​တော့ သားဖြစ်​သူမိုးထက်​လည်း ​မနက်​ဖြန်​ဆိုမြို့ပြန်​ရ​တော့မည်​။အဝတ်​အစား​တွေကို​သေချာ​လျှော်​ဖွတ်​ပြီး ​ခေါက်​ကာအဝတ်​အိတ်​ထဲကိုယ်​တိုင်​ထည့်​ပေးရသည်​။သားနဲ့သူ့သူငယ်​ချင်း​တွေက ရွာထဲကိုသွား​ပြီး သူတို့ရဲ့အသိမိတ်​​ဆွေ​တွေကိုနှုတ်​ဆက်​​နေကြသည်​။

ဘာလိုလိုနဲ့သားကြီး​တောင်​ ​နောက်​ဆုံးနှစ်​​ရောက်​ပြီဘဲ။ဒီတစ်​နှစ်​ပြီး
ရင်​​တော့ သားနဲ့မခွဲရ​တော့ပါဘူး​လေ။

"ဘာ​လေးလဲ?"

အဝတ်​​တွေ​ကိုအိတ်​ထဲထည့်ပြီး​နောက်​ ဖျာ​အောက်​တွင်​ ညပ်​​နေတဲ့
တစ်​စုံတစ်​ရာကို မြင်​​တော့ ဆွဲယူလိုက်​သည်​။

ဟင်​?ဒါ..ဒါ..သမီးနှိုင်းမမှီကိုသူဝယ်​​ပေးခဲ့တဲ့ ကလစ်​​လေးဘဲ။
​သေချာတယ်​။မှတ်​မှတ်​ရရ ရွာကို​ဈေးလာ​ရောင်းတဲ့ကုန်​သည်​​တွေဆီက​နေ သမီးနှိုင်းမမှီလိုချင်​တယ်​ဆိုလို့ဝယ်​​ပေးခဲ့တဲ့ ကလစ်​​လေးဘဲ။ဒါက ဘာလို့ဒီအခန်းထဲ​ရောက်​​နေရတာလဲ?

"အ​မေ​ရေ...သားတို့ပြန်​​ရောက်​...!"

ရုတ်​တရက် အခန်းထဲဝင်​လာတဲ့သားဖြစ်​သူမိုးထက်​က သူ့ကိုကြည့်
ကာ အခန်းဝတင်​ဘဲရပ်​တန့်သွားသည်​။

မိုးထက်​ကိုယ်​တိုင်​လည်း ကလစ်​ကြီးကိုင်​ကာ​တွေး​နေတဲ့အ​မေ
အနားကို သွားရမလား?မသွားရမလား?​တွေ​ဝေ​နေသည်​။

"ဘာလုပ်​​နေတာလဲ ဝင်​ခဲ့​လေသား"

"...."

မိုးထက်​လည်း အ​မေက​ခေါ်​သည်​မို့ အ​မေ့အနားသို့ တစ်​လှမ်းချင်း
​လျှောက်​လာကာ ထိုင်​လိုက်​သည်​။

"သားသူငယ်​ချင်း​တွေ​ရော"

"သူတ်ို့..အိမ်​​ရှေ့ ကွပ်​ပျစ်​မှာ ထိုင်​​နေကြတယ်​"

မိုးထက်​ အ​မေ့မျက်​နှာကို​စေ့​စေ့မကြည့်ဘဲဆိုသည်​။​ဒေါ်ခင်​​စောက
သားဖြစ်​သူအား ​သေချာစူးစိုက်​ကြည့်ကာ...

"သား "

​ဒေါ်ခင်​​စော​လေး​လေးနက်​နက်​​ခေါ်လိုက်​​တော့ မိုးထက်​က​ခေါင်း​မော့ကာ ကြည့်လာသည်​။

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now