unicode
အချိန်
နံနက်၉နာရီ...
📱📱📱....
ဖုန်းသံကြောင့် ကုဋေရေချိုးခန်းထဲမှတဘတ်ပတ်ကာ ထွက်လာခဲ့သည်။
ဖုန်းခေါ်သူကိုကြည့်လိုက်တော့ mommyဖြစ်သည်။"ဟဲလို"
"hello my son"
"ဟုတ် မာမီ"
"မာမီ မြန်မာပြည်ပြန်ရောက်နေပြီ"
"ဗျာ!"
ကုဋေ ခန္ဓာကိုယ်အားတဘတ်ဖြင့်ရေသုတ်ပြီး တဘတ်ကိုပုခုံးပေါ်
တင်လိုက်ကာ ကုတင်ပေါ်ထိုင်ချလိုက်သည်။"surprise ဖြစ်သွားလား?"
"big surpriseဘဲမာမီ ဘယ်တုန်းကရောက်တာလဲ?
လာမယ်ဆိုလည်း ကြိုပြောတာမဟုတ်ဘူး ကျွန်တော်လာကြို
မှာပေါ့""surprise ပါဆိုကွာ..ဒါနဲ့ my sonအခုဘာလုပ်နေလဲ?"
"အခုမှရေချိုးပြီးတာမာမီ"
"စံယွန်းအိမ်တို့မိသားစု ဒီနေ့အလည်လာမှာမလား?"
"ဟုတ်တယ် မာမီ"
ကုဋေ့အသံကစိတ်မပါလက်မပါဖြစ်နေသည်မို့ ဒေါ်ရိုစီမြင့်ဟက်ခနဲ
ရယ်လိုက်သည်။
ညက onlineပေါ်တွင် မာမီနဲ့စကားပြောပြီး daddyကစံယွန်းအိမ်နဲ့အတင်းစီစဉ်တဲ့အကြောင်းပြောပြထားသည်။ပြီးတော့
ဒီနေ့ အိမ်မှာထမင်းစားဖိတ်တဲ့အကြောင်းပါပြောထားသည်။"lunch or dinner"
"lunch mommy"
"ဒါဆို မာမီလာခဲ့မယ် "
"ဗျာ!"
"သားလေးဘက်က ကူပြောဖို့ မာမီလာခဲ့မယ် "
"ဖြစ်ပါ့မလား မာမီ..ဒယ်ဒီက.."
"အဲ့အဘိုးကြီးကိုခေါင်းထဲထည့်စရာလား my son ရယ်
သွားစမ်းပါ မာမီလာခဲ့မှာ သားအတွက်ဘဲ""ကျေးဇူးတင်ပါတယ် မာမီ"
"ရပါတယ်my sonရဲ့..ဘာမှစိတ်ဖိစီးမနေနဲ့ relax..
မာမီကိုသာယုံကြည်ထားလိုက်နော်""ဟုတ်ကဲ့ မာမီ "
"အင်း..ဒါနဲ့ဘယ်အချိန်ချိန်းထားတာလဲ?"

YOU ARE READING
မောင့်ရင်အေးစေချင်...(completed)
Romantik🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺 🌺သူများတွေက အသက်ရှူမှားလောက်အောင်လှတယ်တဲ့ 'အေး'ကတော့ အသက်ရှူမရလောက်အောင် လှတယ် 'အေး'ရယ်🌺