မြန်မာနိုင်ငံယဉ်ကျေးမှုမဟုတ်ပဲ Thai mafia၊ နဲ့မျိုးရိုးမြင့်ပုံစံမို့ နာမည်ကလွဲလို့ကျန်တာက မြန်မာ့ယဉ်ကျေးမှုနဲ့သွေဖယ်ပါတယ်ရှင်
ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ညမှာ သွေးထွက်သံယိုလူ that ခန်းတွေ၊ အသုံးအနှုန်းကြမ်းတွေ၊ Abuse တွေနဲ့ ကြမ်းရမ်းတာတွေပါမှာမလို့ မဖတ်ခင်အပေါ်ကအချက်တွေကိုလက်ခံမှဖတ်ပါနော်၊ 18+ ပါ၊အိပ်ယာခန်းမဟုတ်ပဲ လူthatတာနဲ့တင် + ပါနော်။ sensitive ဖြစ်တတ်တဲ့လူတွေမဖတ်ပါနဲ့ ၊ ကျွန်မအနေနဲ့စာဖတ်သူတွေစိတ်ချမ်းသာဖို့ပဲလိုလားပါတယ်၊ကျွန်မ ထိုfiction အတွက်ကြိုပြီးသတိပေးကာ မေတ္တာရပ်ခံပါတယ်ရှင် ❤️🥀
⚔️
* ဒိုင်း *
" အမလေး "
ကားနောက်ကိုလှမ်းပစ်သံကြားတာနဲ့ နုနုအလန့်တကြားထအော်မိသည်။ ကားကလဲအရှိန်မြန်လွန်းလို့ နုနုသေပြီတောင်ထင်နေရသည်။ သခင်ကတော့သေနတ်ကို မောင်းတင်ရင်း နုနုကိုသူ့ပေါင်ပေါ်မှာကုတ်ကြီးနဲ့ အုပ်ထားတော့သည်။ အသက်ရှုတွေကြပ်ပေမဲ့ နုနုမထရဲပါ တော်ကြာပစ်ခံရမှဒုက္ခ
" အဲရစ် "
" ဟုတ် ဗိုလ်ချုပ် "
" ခေါင်မိုးဖွင့်လိုက်၊ "
" မလုပ်ပါနဲ့ ဗိုလ်ချုပ် လိုက်လာတာအင်အားအတော်များတယ်၊ ကျွန်တော် အကွေ့ထိမောင်းမယ် အဲ့မှာ စစ်သားတွေရှိတယ် ခဏလေးပဲစောင့်ပါ ဗိုလ်ချုပ် "
အဲရစ်ကကားမောင်းရင်း အလန့်တကြားပြောပေမဲ့သူကတော့ အေးဆေးသာပင်။ ဘေးကကားမှန်ချလိုက်တဲ့ အသံကြားတာမို့နုနုမျက်လုံးပြူး သွားရသည်။ သူအခန့်မသင့်ရင်သေသွားနိုင်သည် ဆူညံအောင်လိုက်ပစ်နေတဲ့အပြင် ကားကလဲထိုင်လို့မရအောင် မောင်းနေတာ၊
" သခင့်! သခင်ဘာလုပ်မလို့လဲ "
" ဘယ်လိုသခင်တုန်း ဦးလေကွာ "
သူကနုနုထထိုင်ပြီးစိတ်ပူနေတာကို ရီတောင်ရီနေသေးသည်။ ပစ္စတိုအသေးလေးကို ကျည်ထည့်နေရင်း စိတ်ပူနေတဲ့နုနုကိုဆွဲဖက်ကာ ပါးကိုတစ်ချက်နမ်းပြီး
" နု ! "
" ဟင် "
" ကိုက ဗိုလ်ချုပ်ပါကွ၊ မင်းနဲ့ ပြည်သူတွေကိုကာကွယ်ဦးမှာ ကိုအလွယ်မသေပါဘူးစိတ်ချ "
YOU ARE READING
ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}
ActionUnicode and Zaw Gyi 🚨 warning Start date- Feb 14 2022 End Date- May 1 2022 Mafia တစ်ယောက်ရဲ့ဇနီးဘဝကို မလိုချင်ပဲရလာခဲ့သလို သူများတွေထပ်ပိုခက်ခဲနိမ့်ကျတဲ့ဘဝတွေလဲရောက်ခဲ့ရတယ်။ ရန်ငြိုးတွေကြားထဲက Mafia ကြီးရဲ့ချစ်မေတ္တာနဲ့ ဇနီးဖြစ်သူရဲ့ဆိုးသွမ်းမှုတြွေ...