Part-12

13.2K 554 71
                                    

⚔️

" တော်တော်ဖျားနေတာပဲ၊ သမီးကိုဆေးထိုးပေးထားလား "

" ဟုတ်ကဲ့၊ ရေပတ်ဝတ်လေးတင်တင်ပေးပါ။ နိုးလာရင်ဆန်ပြုတ်ကိုတော့မဝင်ဝင်အောင် ကျွေးပေးပါ"

" ကောင်းပါပြီ "

ဒေါ်ရွှေညွန့်မေရေပတ်ဝတ်ကို နုနုနဖူးပေါ်တင်ရင်းအပူကျစေရန် လုပ်ပေးမိသည်။ နုနုရင်ထဲဘယ်လိုဒေါသမီးတွေလောင်နေလဲမသိ အဖျားတွေတက်နေတာမို့ စိတ်ပူရတော့သည်။ သားဖြစ်သူက ပုဝါနဲ့ပါးစပ်ပိတ်ထားတာမို့ဖြည်လိုက်တာနဲ့ သွေးထွက်တဲ့ထိ နှုတ်ခမ်းကိုက်ထားတာကို တွေ့ရတော့သည်။ သူ့အနေနဲ့လဲဘာမှမပြောလိုပဲ ချွေးမဖြစ်သူနေကောင်းဖို့သာ အဓိကထားရတော့၏။ လက်မှာလဲလက်ထိပ်တွေနဲ့မို့

" ငွေ့ရည် ဒါတြွေဖုတ်စမ်း "

" မရလို့ပါ မေမေကြီး၊ သခင်ကြီးကမဖြုတ်ပေးနဲ့တဲ့ "

" ဟဲ့ ငါ့ချွေးမကခွေးလား၊ နွားလား! လူဟဲ့ လူ နင်တို့လင်ရဲ့မယားကြီးလေ လက်ထိပ်ခတ်စရာဘာလိုလဲ။ တော်တော်စိတ်ပျက်စရာပဲ "

ငွေ့ရည်တို့လဲဘာမှမပြောရဲတာမို့ ပါးစပ်ပိတ်ပြီးသာခေါင်းငုံ့ နေရတော့သည်။ ရုန်းကန်ထားလို့လက်ဆစ်၊ ခြေဆစ်နေရာတွေမှာပွန်းကာ သွေးတွေဆို့နေတော့သည်။ သူသာလက်ထပ်မပေးပဲ သြစတြေးလီးယားကိုပညာတော်သင်ပို့ခဲ့ရင် ဒီလိုတြွေဖစ်လာစရာမလိုပါ၊ ဘဝကြမ်းတဲ့ဒီကလေး ဘယ်ချိန်ထိကြမ်းနေဦးမလဲ ဒေါ်ရွှေညွန့်မေ မတွေးတတ်တော့ပါ။

" မေမေ၊ အခန်းပြန်ပါတော့ ကျွန်တော်ကြည့်လိုက်ပါ့မယ် "

သခင်ကစစ်ဝတ်စုံနဲ့အတူ အခန်းထဲဝင်လာတာမို့ ဒေါ်ရွှေညွန့်မေ နုနုရှေ့ကပိတ်ရပ်လိုက်တော့သည်။

" အနာပေးလိုက် ဆေးကျွေးလိုက်မလုပ်စမ်းပါနဲ့ သခင်၊ ငါ့သမီးကိုစိတ်ဒုက္ခမပေးစမ်းပါနဲ့ "

" အမေဘာမှမသိပါဘူး၊ ကျွန်တော်လုပ်သမျှကနုနုအတွက်ပဲ၊ အမေသာကျန်းမာရေးကောင်းအောင်နေပါ "

အတင်းနှင်ထုတ်နေတာမို့ ထွက်လာရပေမဲ့စိတ်ကချမနေပါ၊ ဒီကောင်လေးဘာတွေလုပ်နေလဲ သူလဲတွေးလို့မရအောင်ပင်။ နဂိုထဲကညဏ်ကောင်းပြီး အကွက်စေ့တဲ့လူမို့ နုနုမထိခိုက်ရင်ပြီးရောဆိုပြီးအနောက်ဆုတ်နေရတော့သည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now