Part-3

22.9K 767 51
                                    

⚔️

လက်သက်သာထဲကအငြိမ်မနေသလို အခုလဲဆေးမသောက်တာမို့ နုနုအခန်းထဲဇွတ်ဝင်ခဲ့တော့သည်။ ဂါဝန်နက်ပြာရောင်မို့ လည်တိုင်တွေ၊ ရင်သားဖွေးဖွေးတွေကပေါ်လွင်နေတော့သည်။ တပ်သားတွေခမျာ သခင်မကလှလွန်းလို့ မော့ကြည့်ချင်ပေမဲ့ ဗိုလ်ချုပ်သိရင်ပစ်သတ်ခံရမှာမို့  ဖြတ်သွားတဲ့အရိပ်ကိုသာ ကြည့်နေရသည်။

ကိုယ်လုပ်တော်ဆိုတဲ့မိန်းမတွေနဲ့ ပျော်ပါးနေတာမို့ နုနုလွတ်လွတ်လပ်လပ်နဲ့ နေရပေမဲ့ မေမေကဆူနေတော့သည်။ မိန်းမဖြစ်ပြီးကြည့်နေရလား ၊ ဂရုမစိုက်ရလားဆိုတာမို့ နုနုမှာလာကြည့်ရတာ တကယ်ဆို ထိုကိုယ်လုပ်တော်တွေကိုပင် ကျေးဇူးတင်နေရတာ။ မဟုတ်ရင် နုနုနားကိုတောက်တဲ့လိုကပ်နေမှာ

" တံခါးဖွင့်စမ်း! "

" မရပါဘူး သခင်မ၊ သခင်ကြီးကဘယ်သူ့ကိုမှ တံခါးမဖွင့်ပေးနဲ့ပြောထားလို့ "

" သခင်မ ခဏစောင့်ပြီးမြှပန်လာလိုက်ပါလား "

အမာကတော့သခင့်ဘက်တော်သားဖြစ်တာမို့ နုနုနဲ့သိပ်တည့်နေတာတော့မဟုတ်ပေ။ သခင်မက နူးညံ့ပြီး အေးချမ်းသလိုထင်ရပေမဲ့ တကယ်တမ်းကျသွေးအေးတာပင်။ မကျေနပ်လဲရင်ထဲထားပြီး အလှည့်သင့်တော့မှမသေမချင်း ပြန်လုပ်တတ်တဲ့မိန်းမမျိုး ၊ အမာကတော့သူ့ကို သခင့်ထပ်ကြောက်ပါသည်။

အခုလဲပေစောင်းစောင်းနဲ့အမာ့ကိုပြန်ကြည့်ပြီး

" အမာ ကျွန်မကဖွင့်လို့ပြောရင်ဖွင့်လိုက် "

" မရလို့ပါ သခင်မ "

ခေါင်းငုံ့ရင်းတောင်းပန်ပေမဲ့

" ငါကမြတောင်အိမ်တော်ရဲ့ မိန်းမတွေကိုအုပ်ချုပ်ရတဲ့လူ၊ အဲ့အထဲကမိန်းကလေးက ငါ့လူ။ အမာ ရှင်ကျွန်မကိုထပ်တားရင် ရှင့်ကိုပါအပိုင်းပိုင်းခုတ်သတ်ပစ်မယ် ဖယ် ! "

သခင်မကဒေါသတွေအတော်ထွက်နေတာမို့ အမာအနည်းငယ်ဖယ်ပေးလိုက်တာနဲ့ တံခါးကိုဝုန်းခနဲဖွင့်ကာ ဝင်သွားတော့သည်။

သခင်ကြားသားပဲ ဒီမိန်းမစိတ်တွေတိုနေတာ၊ ဘာလို့ဆိုဒီအခန်းက အရေးကြီးဧည့်သည့်တွေအတွက် ပြင်ထားတဲ့အခန်းမို့ပင်။ ဘေးနားကကောင်မလေးက သူ့ကိုရော၊ နုနုကိုရောကြောက်တာမို့ တုန်ရီနေတော့သည်။ နုနုကသူ့အနားတစ်ချက်မလာပဲ  လှပျိုဖြူတွေကိုပဲလွှတ်ပေးတာမို့ ဒီနည်းသုံးမှသာ သူ့ဆီရောက်လာမှာပင်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now