Special extra 2

13.6K 438 49
                                    

Unicode

" အားလုံးအဆင်ပြေကြလား။ ဘယ်နေရာမှမလိုစေနဲ့နော် "

" ဟုတ်ကဲ့၊ အားလုံးအဆင်သင့်ပါပဲ "

" သခင်မကိုခေါ်ခဲ့  ပြင်ဆင်ရအောင်လို့ "

" ဟုတ်ကဲ့ "

မြတောင်ရဲ့သခင်မဆိုသော်လည်း  အခုမှ၁၈နှ၀်ပြည့်မှာဖြစ်တာကြောင့် ခမ်းမတစ်ခုလုံးကိုဖြူစွတ်နေတဲ့အရာတွေနဲ့ပြင်ဆင်ထားရသည်။ ဖန်မီးသီးတွဲလေးတွေကို လိုက်ကာအဖြူတွေပေါ်စီချကာ ကြယ်ပန်းနဲ့ နှင်းဆီအဖြူတွေသုံးပြီး ပန်းအိုးတွေထိုးထားကြသည်။ ဒီ့အပြင်အမွှေးပွသားအောက်ခင်းကို မြပုလ္လင်ပေါ်ခင်းကာ ထိုင်ဖို့ပြုလုပ်ထားတာမို့ တမျိုးလှနေပြန်ပါသည်။

ဗိုလ်ချုပ်ခရီးထွက်သွားတာ ၅လကျော်ကြာနေပြီဆိုပေမဲ့ ဒီနေ့တော့မရရအောင်ပြန်လာမယ်ဆိုတာ အလိုလိုသိကြပြီးသားပင်။ ပြန်မလာသေးဘူးပြောပေမဲ့ သခင်ကြီးကဘယ်တုန်းကမှ သခင်မလေးကိုပစ်ထားခဲ့ခြင်းမရှိပဲ။ နယ်မြေအလံမီးရှို့မှုနဲ့ အကြီးအကျယ်ရန်ဖြစ်ပြီး ဗိုလ်ချုပ်စိတ်ဆိုးထွက်သွားခဲ့ပေမဲ့ သခင်မအကြောင်းကိုတော့အမြဲလှမ်းမေးတတ်သည် မဟုတ်လား။

" ဂန်ဂါ သခင်ကြီးပြန်လာမယ်လို့ငါထင်တယ်။ ကြိုဖို့ပြင်ထားတာကောင်းလိမ့်မယ် "

" ငါလဲအဲ့လိုထင်တယ်။ သခင်မကိုနင်ပြင်ပေးထားလိုက်နော် "

" စိတ်ချ "

ငွေ့ရည်ကဂါဝန်ရှည်ကိုကိုင်ပြီး သခင်မအခန်းထဲဝင်သွားတော့မှ ဂန်ဂါအိမ်တော်အဝင်ကိုပြင်ဆင်ရတော့သည်။ ဒီနေ့မနက်ထဲကလှလှပပပြင်ဆင်ထားပြီး မနက်ပိုင်းမှာသခင်မက ပြည်သူတွေကိုမုန့်ဝေတာနဲ့ လိုအပ်ချက်တွေကိုမြို့ထဲအထိသွားကာ နားထောင်ပြီးကူညီခဲ့သေးသည်။ ညနေခင်းမှာ တစ်မြို့လုံးကိုပျော်ပွဲကျင်းပစေတာမို့ လင်းထိန်ကာမီးရှုးမီးပန်းတွေကိုကောင်းကင်မှာ ရောင်စုံတေွ့စေတော့သည်။

ဂန်ဂါလုံခြုံရေးအပြည့်ချထားပြီး အိမ်တော်ဝမှာပဲစောင့်နေခဲ့တော့သည်။ ထင်တဲ့အတိုင်း မီးနီပြကာကားတန်းရှည်ကြီးမီးထိုးမောင်းတာကို မြင်လိုက်ရတာနဲ့ အားလုံးရုတ်ရုတ်သဲသဲဖြစ်ကာ ဂိတ်ဝကိုဖွင့်ချရတော့သည်။ ဂန်ဂါခြံထဲထိဆင်းကာ ဝင်လာတဲ့ကားတန်းတေွကြားက ကားအနက်ရောင်အလုံပိတ်ကားကိုမျော်နေရတော့၏။ ဂန်ဂါရှေ့ထိုးရပ်တာမို့ တံခါးကိုဆွဲဖွင့်ပေးလိုက်တော့သည်။
တောက်ပြောင်နေတဲ့ဖိနပ်ကိုမြင်ထဲက ဂန်ဂါပျော်နေရလေပြီ၊  သခင်ပြန်လာပါပြီ။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now