⚔️နုနုဖြတ်ခနဲနိုးလာခဲ့ပေမဲ့ တစ်ကိုယ်လုံးကိုက်ခဲနာကျင်ကာ မျက်လုံးတောင်အလုံးစုံမပွင့်နိုင်သေးပေ။ မီးသီးခပ်မှိန်မှိန်ကြောင့် အခန်းကမလင်းတာကိုတော့ ကောင်းကောင်းသိနေသည်။ အေးလဲအေးတယ်လို့ ခံစားနေရတာကြောင့်အားယူပြီး မျက်လုံးကိုဖွင့်ကြည့်လိုက်တော့သည်။ မှောင်နေပြီးကုတင်ကလွဲဘာမှမရှိသည့်အပြင် အခန်းတံခါးကပိတ်ထားလျက်သား၊ ပြတင်းပေါက်ခပ်သေးသေးရှိပေမဲ့ ပိတ်ထားတာကြောင့်အလင်းမဝင်ပေ။ နုနုလက်မောင်းကတအားနာနေပြီး ခေါင်းကလဲကိုက်လွန်းလှသည်မို့ မျက်စိပြန်မှိတ်ကာငြိမ်နေလိုက်တော့သည်။
အပြင်ကခြေသံဖွဖွကြားလိုက်တာမို့ အသာငြိမ်ကာနားစွင့်လိုက်တော့သည်။
" အခုထိတော့မနိုးသေးဘူး။ ဒဏ်ရာကိုဆေးသေချာထည့်ပေးပါ။ အနာကျက်မကျက်ကြည့်ပြီး မဖျားအောင်ဆေးထိုးပေးပါ "
" ဟုတ်ကဲ့ ကြည့်လိုက်ပါဦးမယ် "
မိန်းမသံနဲ့ ယောက်ျားတစ်ယောက်သံဆိုပေမဲ့ ယောကျာ်းကဇေယျမဟုတ်တာတော့ သေချာသည်။
နုနုငြိမ်နေပေမဲ့လက်မောင်းကို လာကိုင်ချိန်မှာတော့ တွန့်ခနဲဖြစ်ကာညည်းမိတော့သည်။" အင်း.....ကျွတ်စ် "
" ဟယ် နိုးပြီတူတယ်။ မျက်စိဖွင့်ကြည့်ပါ တို့ကိုမြင်ရလား "
အရှေ့ကနေလက်ပြကာနှုတ်ဆက်နေတာမို့ ခေါင်းငြိမ့်ပြလိုက်တော့သည်။
" တော်သေးတာပေါ့၊ ဆေးသေချာထည့်ပေးပါ "
" ရေ...ရေသောက်ချင်တယ် "
" ခဏလေးနော် "
ထိုအမျိုးသမီးကရေနဲနဲတိုက်တာမို့ နုနုအငမ်းမရသောက်ကာမှိန်းနေလိုက်တော့၏။
ထူးဆန်းတယ် ဒီအမျိုးသမီးကဆာရီဝတ်ထားတာလား။
နုနုမျက်လုံးပြန်ဖွင့်တော့ တကယ်ကြီးဆာရီနဲ့ ဟိန္ဒူအမျိုးသမီးတစ်ယောက်ဖြစ်နေတာပဲ။ ခပ်ချောချောအမျိုးသမီးဖြစ်ပြီး ရိုးအေးပုံပေါ်ကာမြန်မာစကားလဲ ကောင်းကောင်းပြောတတ်နေတာပဲ။
" ဘယ်သူလဲ။ ရှင်ကဘယ်သူလဲ ဇေယျဘယ်မှာလဲ "
" ဪ တို့ကကာရှီလေ၊ ကိုဇေယျရဲ့အမျိုးသမီး တို့ကဘာဘီပေါ့။ "
{ ဘာဘီ- ယောင်းမ }
YOU ARE READING
ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}
ActionUnicode and Zaw Gyi 🚨 warning Start date- Feb 14 2022 End Date- May 1 2022 Mafia တစ်ယောက်ရဲ့ဇနီးဘဝကို မလိုချင်ပဲရလာခဲ့သလို သူများတွေထပ်ပိုခက်ခဲနိမ့်ကျတဲ့ဘဝတွေလဲရောက်ခဲ့ရတယ်။ ရန်ငြိုးတွေကြားထဲက Mafia ကြီးရဲ့ချစ်မေတ္တာနဲ့ ဇနီးဖြစ်သူရဲ့ဆိုးသွမ်းမှုတြွေ...