Part-17 Unicode

10.7K 384 9
                                    

⚔️

ကုတင်ပေါ်မှောက်လျက်စာဖတ်နေတဲ့ သခင့်ကျောပေါ်ဖိကာကျောပြင်က ဖီးနစ်ငှက်ကြီးကိုလက်နဲ့ကုတ်နေတော့သည်။ သမီးလေးကသူ့ရင်ဘက်အောက်ဝင်ပြီး အိပ်နေရတဲ့ကြားထဲ နုနုကပါကျောကိုဖိထားတာမို့ ရီချင်တာတောင် လေးလို့ရီမရပေ။

" နုနု ဆင်းဦးကွာ "

" မဆင်းချင်ဘူး "

" သမီးလေးနိုးသွားမယ်လေ "

" Treasure ကအရမ်းအိပ်တာပဲ၊ နှိုးလိုက်တော့မယ် "

" မနှိုးပါနဲ့ အိပ်ပါစေ၊ ကြည့်ဦး ပါးလေးကရဲနေတာပဲ။ အရမ်းလှတာပဲ သမီးလေးက "

" နုနဲ့တူတာလေ ဟုတ်တယ်မလား "

" ဟုတ်ပါ့ဗျာ၊ "

ဖအေလက်ကိုဖက်ပြီးအိပ်နေတာမို့ ပါးကိုမွဟ်ခနဲနေအောင် နမ်းပစ်လိုက်တော့သည်။ သခင်လေးလာတာမို့ ပက်လက်လှန်ကာအညောင်းဖြေတော့လဲ ဇနီးလေးကရင်ဘက်ပေါ်  ဖိကာလာအိပ်နေပြန်သည်။ သမီးလေးထက်ကိုဆိုးနေတာပဲ။

" ဖားပျံလား ဖယ်ဦးလေ "

" ဦး ခရီးထွက်ရအောင်၊ "

" ဘယ်သွားချင်လို့လဲ၊ "

" ကမ်းခြေသွားရအောင်၊ ဘယ်မှမသွားရတာကြာပြီ "

" ကလေးလိုပူဆာနေတော့တာပဲ၊ သွားချင်လဲမင်းအာဘွားတော့ပေးရမယ် "

" အမြဲပေးနေရတာပဲကို "

" ဒီကိုပေး "

"မွဟ် ဦးက ကလေးကျနေတာပဲ "

ပြောပြီး ရင်ဘက်နဲ့မျက်နှာကပ်ကာ အိပ်နေတာမို့ကျောကို ဖွဖွလေးပွတ်လိုက်တော့သည်။ ဗိုလ်ချုပ်ကမိန်းမနဲ့ဆို အရုပ်လိုပြောသမျှခေါင်းငြိတ်နေရတော့တာပဲ။

" ထတော့၊ ကိုတို့နာရေးသွားရဦးမယ်လေ "

" ဟုတ်သားပဲ၊ မဟာစည်ကိုပါရောပြီး နာရေးချလိုက်ရမလား "

" ကို့ကိုသေအောင်သတ်နေတာလား "

" တော်ပြီ ရေချိုးတော့မယ်၊ သမီးကိုနှိုးလိုက်တော့ "

ရင်ဘက်ပေါ်ကနေထကာ ရေချိုးခန်းထဲပြေးသွားတာမို့ သခင်ရီရင်းသမီးလေးကိုပွေ့ချီလိုက်တော့သည်။ နုနုလိုဂျစ်ကျပြီး ဆိုးဆိုးကဲကဲလေးကိုပွေ့ကာ အခန်းထဲလမ်းပတ်လျောက်နေရတော့သည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Donde viven las historias. Descúbrelo ahora