Part-25

10.3K 507 40
                                    

⚔️

" ကျွန်တော်တောင်းပန်ပါတယ် ကိုသီဟ "

ဖေဖေရှိထဲကနေခဲ့တဲ့လျို့ဝှက်နေရာဖြစ်သလို ဂိုဏ်းတည်နေရာမို့ဘယ်သူမသိပေ။ နဂိုထက်ပိုလွတ်လပ်ပြီး လုပ်ရကိုင်ရလွယ်ကူသလို စကားပြောလို့လဲပိုအဆင်ပြေသည်။ ဈာန် အစ်ကိုဖြစ်သူရှေ့မှာခေါင်းငုံ့ကာနေရင်း တောင်းပန်လိုက်တော့သည်။ သခင်ခုံမှာထိုင်နေရင်းကနေ မော့ကြည့်ကာသောက်နေတဲ့ဆေးလိပ်ကို ပြာခွက်ထဲထည့်လိုက်သည်။

" Zane မင်းကငါ့ညီပါ၊ ငါမင်းကိုထိခိုက်စေမဲ့အရာတွေ မလုပ်သလို မင်းလုပ်သမျှကိုလဲငါသိခွင့်ရတယ်ထင်ခဲ့တာ။ အထူးသဖြင့်နုနုနဲ့ပတ်သတ်ရင်ပိုဆိုးတယ်။ ငါပူလောင်နေတဲ့ကြားက မင်းပါတစ်ခုခုထပ်ဖြစ်ရင်ငါရှင်သန်ဖို့မလွယ်ဘူး "

" တောင်းပန်ပါတယ် ကျွန်တော် ကိုသီဟကိုပြောရင်တစ်ခြားအကြောင်းအရာတွေပါလာမှာစိုးရိမ်ခဲ့လို့ပါ"

" ငါ့အတွက်နုနုကအဓိကပဲ။ နေရာကိုသိပြီဆိုတော့ကယ်ရမှာငါ့တာဝန်။ မဟာစည် ရာထူးကိုမလုခင်ငါတို့အဲ့ဘက်ကိုအချိန်မှီသွားရမယ်။ ဇေယျကိုအရင်အပြတ်ရှင်းမှရမယ် "

" ဟုတ်ကဲ့ ကျွန်တော်ပြင်ဆင်ထားပါ့မယ် "

" ရေသောက်မြစ်ကဇေယျဖြစ်သလို စီးနေတဲ့ရေကလူကုန်ကူးမှုပဲ။ ငါအိမ်တော်မှာထဲက အထက်ကိုစာတင်ထားတယ်၊ သူတို့တင်းတင်းကြပ်ကြပ်အရေးယူလိမ့်မယ်။ အဲ့လိုတင်းကြပ်ပြီး ဗျာများနေချိန်မှာ ဝင်ကယ်ဖို့ကအဓိကပဲ"

" ဒါအစီအစဉ်ပါ အစ်ကိုလေး "

ရုံကစာရွက်တစ်ရွက်ကိုဖြန့်ပြတာမို့ ဈာန်သေချာယူကြည့်လိုက်တော့သည်။ Plan 4ခုရှိပြီး အရာရာကအစီအစဉ်ကျကျ ဆက်နွယ်နေသည်။ သူ့ထပ်ပိုပြီးအကွက်ကျတာမို့ သဘောကျမိသည်။ သူမေ့နေခဲ့တာက john raizer ကဗားမားနပိုလီယံလို့ခေါ်ခံရတဲ့လူဆိုတာကိုပင်။ စစ်ဘုရင်ရဲ့အစီအစဉ်မှာလစ်ဟင်းမှု မရှိပဲအထိအခိုက်နည်းသည်မို့ သူခေါင်းငြိမ်ပြကာလက်ခံလိုက်တော့သည်။

သခင်သူတို့ဆွေးနွေးနေရင်းကနေ အင်္ကျီကိုချွတ်ချလိုက်တော့သည်။ အသားညိုညိုပေါ်ကကြွက်သားတွေနဲ့အတူ ဒဏ်ရာတွေနဲ့တက်တူးတွေက စီရီထွက်ပေါ်လာတော့သည်။ အဲရစ်တို့ကခေါင်းချင်းဆိုင်ပြီး စီစဉ်နေပြီမို့ သခင်ဘားတန်းခိုနေလိုက်တော့သည်။ ဘားတန်းခိုကာအားထည့်တိုင်း တင်းခနဲထွက်လာတဲ့ကြွက်သားတွေနဲ့ အကြောတွေကစွဲမက်ဖွယ်ဖြစ်သည်။ နောက်ကျောကမြင်နေရတဲ့ဖီးနစ်ငှက်ပုံတက်တူးကြီးက ဟန်ပါပါနဲ့အသက်ဝင်လှပါသည်။ ခါးကြောတစ်လျောက်ကနေ ကျသွားတဲ့ချွေးစက်တွေအထိ ပစ်ရက်စရာမရှိတာက ဂျွန်ရိုင်ဇာရဲ့ကုသိုလ်ကံပါပင်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now