Part-19

10.3K 462 32
                                    

Part-19

⚔️

" သခင်မ ဒီနေ့ကနေစပြီးtravelling ကစတင်လိုက်ပြီမို့ နိုင်ငံခြားသားတွေနဲ့ တစ်ခြားသောပြည်တွင်းကခရီးသွားတွေ လာနိုင်ပါတယ်၊ အဲ့တာလုံခြုံရေးဘယ်လိုလုပ်ရမလဲ "

" လုံခြုံရေးမြှင့်ထားပါ၊ အနီးနားမှာပြဿနာဖြစ်တာနဲ့ ချက်ချင်းသွားကူညီနိုင်အောင် ပြင်ခိုင်းထားလိုက်။ အစားအစာပိုင်းရော ဘယ်လိုလဲ၊ ဘာတွေလိုချင်ကြလဲ အာဟာရပြည့်ရဲ့လား "

" ဟုတ်ကဲ့ ဗိုလ်ချုပ်ကသူ့တပ်သားတွေကို တစ်ပတ် ၂ရက်အသားဟင်းနဲ့ ကြိုက်တာချက်ကျွေးပါတယ်။ ကျန်တဲ့ရက်တွေမှာလဲ အာဟာရဓာတ်ပါတာတွေနဲ့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ခိုင်းပါတယ် "

" တို့ဗိုလ်ချုပ် စစ်သွေးကြွနေတာပဲ "

" အဟွန်း ဟုတ်မယ်တူပါတယ်၊ ဗိုလ်ချုပ်အခုတလောစိတ်ပျော်နေပါတယ် "

နုနုရုံးခန်းထဲမှာ ငွေ့ရည်နဲ့ဂန်ဂါကလာပြီးတင်ပြစရာရှိတာ တင်ပြနေတော့သည်။ အဆင်ပြေပြနေဲ့ကို့တာဝန်ကိုကျေသူတွေမို့ နုနုနဲ့အဆင်ပြေလှသည်။ အခြေအနေတွေငြိမ်သက်နေတာမို့ နုနုလဲစိတ်ကြည်နေတယ်ပြောရပါလိမ့်မည်။

" ဒါနဲ့ သခင်မကျောင်းတွေမှာလူပြည့်လာပြီ။ ပြီးတော့ ဗိုလ်ချုပ်ကလဲမူးယစ်ဆေးကို သီးသန့်ဈေးကွက်လုပ်ပေးထားလို့ ပြည်သူတွေထဲမဝင်နိုင်တော့ဘူး။ ပြီးတော့ မှောင်ခိုတွေလဲငြိမ်သွားတဟ်လို့ကြားတယ် "

" အင်း သခင်ကအရင်ကမူးယစ်မှောင်ခိုပဲဆိုပြီး သူတို့တွေကပုခုံးချင်းလာတိုက်တာလေ။ ဦးနှောက်မရှိတာပေါ့ ဥပဒေနဲ့တည်ဆောက်ထားတဲ့နယ်ထဲ ဝင်လာထဲကကို့သေတွင်းကိုတူးတာပဲ။ ကလေးတွေကတော့ ကျောင်းတက်ရမယ် လိုအပ်တဲ့ဘဏ္ဍာငွေကအခွန်တွေကရပါလိမ့်မယ်၊ စိတ်မပူကြနဲ့ "

" ဟုတ်ကဲ့ပါ သခင်မကိုယုံပြီးသားပါ "

နုနုကော်ဖီလေးတစ်ငုံသောက်ရင်း အသာပြုံးမိတော့သည်။ ရောင်နီသာတဲ့နေ့ရက်တိုင်းမှာ လုပ်ပေးနိုင်သလောက်အားလုံးအတွက် အကောင်းဆုံးဆိုတာတွေလုပ်ပေးသွားချင်တာက နုနုဆန္ဒအမှန်ပါပင်။ မကောင်းတဲ့ကောင်တွေကိုအပြစ်ပေးပြီးရင် နုနုခေါင်းစားတဲ့အလုပ်ကနေနားပြီး မိခင်ကောင်းဖြစ်အောင်နေဖို့ကြိုးစားကြည့်ဖို့ တွေးထားသေးသည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Место, где живут истории. Откройте их для себя