Part-18

10.9K 468 20
                                    

⚔️

" ဟီး! အဖိုး  နုနုတို့ဘယ်သွားမှာလဲ "

ချောင်းကိုဖြတ်ကာလာရတာမို့ ရေတွေရွှဲသလိုရွံတွေပေကာ ညစ်ပတ်နေတော့သည်။ တောင်ပေါ်ရွာလေးပြာကျသွားတာ မြင်နေရပေမဲ့နုနုမှာငိုယိုရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ပေ။ လိုင်းကားလိုနေရာကိုတိုးဝှေ့စီးရင်း မမြင်ဘူးတဲ့အရပ်ဒေသကိုကူးလာခဲ့ရတော့သည်။

" မြေးလေး ဟိုရောက်ရင်အဖိုးနားပဲနေ၊ ဘာမှမပြောနဲ့နော် "

" ဘယ်သွားမလို့လဲ"

" ငါ့မြေးတွေ့ချင်တဲ့အီတလီလူကြီးအိမ် "

နုနုမျက်ရည်တွေပွတ်သပ်ပြီး အဖိုးလက်ကိုတင်းတင်းဆုပ်ကိုင်ခဲ့တော့သည်။ အဖိုးကညစ်ပတ်နေတဲ့စာရွက်ဟောင်းကိုကိုင်ကာ အေးစက်နေတဲ့မြို့လေးထဲကိုတရွေ့ရွေ့လိုက်ရှာနေတော့သည်။

" အဖိုး  သူကအဖိုးကိုကူညီပါ့မလား "

" ကူညီမှာပါ၊ အသက်နဲ့ရင်းပြီးအလုပ်လုပ်ရတဲ့ ခေါင်းဆောင်တဝ်ယောက်က ဘယ်တော့မှလိမ်မပြောတတ်ဘူး။ ကျေးဇူးမကန်းတတ်ဘူး ငါ့မြေးရဲ့၊ "

" အဖေတို့ကရော "

" သေသွားပြီပေါ့၊ မြေး မှတ်ထား မတရားဖိနှိပ်တဲ့လူတွေဟာတစ်ချိန်ကျရင် အပြစ်ပြန်ခံရလိမ့်မယ်၊ ငါ့မြေးကအပြစ်ပေးနိုင်တဲ့လူဖြစ်အောင် ကြိုးစားရမယ်ကြားလား "

" အင်း နုနုကတိပေးတယ် "

ပါးဖောင်းဖောင်းလေးတွေပေါ်ကမျက်ရည်ကို ပွတ်သုတ်ကာခေါင်းငြိမ့်ပြလိုက်တော့သည်။
လမ်းအကြာကြီးလျှောက်ကာသွားပြီးမှ အိမ်အကြီးကြီးကိုတွေ့လိုက်ရတော့သည်။ နုနုဘဝမှာဒီလောက်ကြီးတဲ့ အိမ်ပထမဆုံးမြင်ဖူးတာပဲ ဘယ်လိုလူတွေကများနေကြတာလဲမသိဘူး။

တံခါးနားကပ်သွားတော့ သေနတ်ကြီးတွေကိုင်ပြီးထွက်လာတာမို့ အဖိုးကိုဖက်ထားလိုက်တော့သည်။

" ဘယ်သူလဲ ဘာကိစ္စရှိလို့လဲ "

" ငါ့တူတို့  အဘကဦးမှော်ပါ၊ လူကြီးမင်းဒေးဗစ်ရိုင်ဇာကို မုဆိုးဦးမှော်လာတွေ့တယ်လို့ပြောပေးပါ "

" ခဏစောင့်ပါ "

အဖိုးက လေးနဲ့မြှားတွေကိုကျောပေါ်ကချပြီး တံခါးနားမှာငုတ်တုတ်လေးထိုင်ချကာ စောင့်နေတော့သည်။ နုနုခြံတံခါးအကြီးကြီးကနေအထဲကို ချောင်းကြည့်နေရင်း ခပ်ချောချောမိန်းမတစ်ယောက် အပြေးထွက်လာတာကို တွေ့လိုက်ရတော့သည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now