Special extra 3

18.9K 569 46
                                    

Special extra 3

နုနုသမီးလေးကိုမွေးပြီး ၂နှစ်အကြာ သခင့်အကူအညီနဲ့နယ်မြေထဲကစာသင်ကျောင်းတွေကို ဝင်စစ်ဆေးခွင့်ရတော့သည်။ နဂိုထဲကစာသင်ရတာသဘောကျသူမို့  ကလေးတွေစာသင်နေတာမြင်ရင် ရင်ထဲကနေဝမ်းသာပီတိဖြစ်နေမိသည်။ နယ်စပ်မှာခြံစည်းရိုးတွေကာကာ နယ်ခြားစောင့်တပ်တွေချထားတာမို့ သူ့တို့တွေဆီသွားကာမုန့်နဲ့ အာဟာရရှိစေမဲ့အရာတွေသွားဝေခဲ့တော့သည်။ နုနုကစိတ်ထားကောင်းတဲ့သူမို့  သခင့်ကိုမကြည်ပေမဲ့ ကျန်တဲ့သူအားလုံးအပေါ်ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သည်။ သခင့်ကိုငွေကြေးထောက်ပံ့ခဲ့သူတွေ ဓနရှင်တွေက သမီးမိန်းကလေးတွေကိုအိမ်ပေါ်တင်ကာ ရွှေလမ်း ငွေလမ်းခင်းသည့်တိုင် နုနုကြည်ဖြူပေးခဲ့သည်။

" မဒမ်  မိန်းကလေးတွေရောက်လာပါတယ် "

" ဟုတ်လား။ နုနုသွားတွေ့လိုက်မယ်နော် "

ဂန်ဂါဝတီကနုနုကို ကောင်မလေးတွေဆီခေါ်သွားပေးပြီး အနောက်ကနေထပ်ကြပ်မကွာလိုက်နေပေးသည်။ သခင့်ဘေးကမိန်းမလူရုံမို့  နုနုထက်သူ့ကိုပိုကြောက်ကြ၏။

" ရောက်တာကြာပြီလား။ ဗိုလ်ချုပ်ကသူ့အစား ကျွန်မကိုလက်ခံခိုင်းသွားပါတယ်။ ဘယ်အိမ်ကလဲဆိုတာ ကျွန်မကိုပြောပါနော် "

နုနုခုံမှာထိုင်ပြီး ထိုအမျိုးသမီးတွေကိုလိုအပ်နဲ့နေရာတွေမှာ ခန့်အပ်ဖို့ပြင်ရတော့သည်။ သခင်ကဘယ်သူကို့မှ  အငယ်နေရာမှာမထားပဲ အလုပ်သာပေးလိုက်ပါလို့မှာသွားသည်။ ဖအေတွေကြောင့်ရောက်လာရပေမဲ့ သူတို့တွေဆီမှာလဲ ရည်းစားသညှာရှိလောက်မယ်လို့ သခင်ကကိုယ်ချင်းစာပြီးဘယ်သူ့ကိုမှ အုံးစက်ရာအတူနွှဲပြီး အသားယူတာမလုပ်ခဲ့ပေ။

" အိမ်စည်၊ မဟာစည်အိမ်တော်က "

နုနုရှေ့ရောက်လာသူကို မော့ကြည့်ပြီးပြုံးပြကာ နေထိုင်ခွင့်စာရွက်ပေါ် တံဆိပ်တုံးနှိပ်ပေးလိုက်သည်။ ရှင်နှောင်းနုရဲ့အနီးကပ်ရန်သူကို တရားဝင်ခွင့်ပြုမိလိုက်ခြင်းဖြစ်တော့သည်။

အသစ်ရောက်လာတဲ့အမျိုးသမီး ၅ယောက်က တစ်ခြားသူနဲ့မတူပဲသခင့်အပေါ်တအား ချွဲနွဲ့၊ ပူးကပ်ပြီး အငယ်ရာထူးကိုမရမကလိုချင်နေတာ သတိထားမိပေမဲ့နုနုဘာမှမပြောခဲ့ပေ။ နောက်ဆုံး သမီးလေးနဲ့နုနု ရှိရာမှာပဲ ခြေချတတ်တဲ့သခင့်ကိုခေါ်ထုတ်ပြီး  ဆေးခတ်တဲ့အထိအပိုင်ကြံခဲ့ကြသည်။ သီဟသခင်ကမိန်းကလေးတွေအပေါ် တလေးတစားရှိတဲ့သူမို့  လွန်မိတဲ့ကိစ္စကိုအပြစ်မယူပဲအိမ်တော်ဝန်းထဲက အိမ်တွေဆီခွဲကာနေခိုင်းခဲ့သည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now