Special Extra 1

15.4K 505 21
                                    

Special part 1

နုနုဒီနေ့ပထမဆုံးကျောင်းစတက်ရမဲ့နေ့ဖြစ်တာမို့ ချုပ်ထားတဲ့ဗမာဝတ်ဆုံလှလှလေးကို ဝတ်ကာဆံပင်ကိုသပ်ရပ်အောင်ချည်နှောင်လိုက်သည်။ သနပ်ခါးပါးကွက်သေးသေးလေးကွက်ကာ ကျောပိုးအိတ်လှလှလေးကိုလွယ်ပြီး အိမ်ထဲကထွက်လာခဲ့တော့သည်။ နုနုခြံထဲကအိမ်သေးထဲနေကြတာမို့ အရင်ဆုံးမေမေကြီးကိုသွားနှုတ်ဆက်ရလိမ့်မည်။ နုနုထွက်လာတာနဲ့ သခင်ငယ်လေးကလှမ်းကြည့်ကာ

" ပေါက်စလေး  ကျောင်းသွားတော့မလို့လား "

" ဟုတ်ကဲ့ သခင်လေး "

" ကိုသီဟသာရှိရင် နုနုကိုပါးတွေ ဟောဒီလိုဆွဲမှာပဲသိလား "

ပါးအိအိလေးတွေကိုညစ်ပြီး နုနု နဖူးကိုနမ်းတာမို့လန့်သွားရသည်။

" သခင်လေးဈာန် မေမေကြီးရော "

" အထဲမှာလေ လာ "

နုနုကိုလက်ဆွဲပြီးအိမ်ထဲခေါ်လာကာ မေမေကြီးဆီပို့ပေးတော့သည်။ အန်ကယ်ကပါလှမ်းကြည့်ကာ

" နုနုလေး ကျောင်းသွားတော့မယ်ပေါ့ "

" ဟုတ်ကဲ့ သခင်ကြီး "

" အဆင်မပြေတာ၊ အနိုင်ကျင့်တာမျိုးဆို ချက်ချင်းပြောနော် ကြားလား "

" ဟုတ်ကဲ့ပါရှင့် "

" မေ ကလေးကိုသေချာစောင့်ရှောက်နော် "

" စိတ်ချပါ အစ်ကို။ လာ အမေ့သမီးလေးကိုထမင်းချိုင့်ထည့်ပေးမယ် "

မေမေကခြင်းလှလှလေးထဲ မုန့်လေးတွေပါထည့်ပေးပြီး မုန့်ဖိုးပါပေးသေးသည်။ နုနုဘာရယ်မဟုတ်ဝမ်းနည်းလာကာ ခေါင်းကိုငုံ့ပစ်လိုက်သည်။ နုနုမိဘတွေသာရှိရင် ဆေးကျောင်းတက်နေတာကိုဂုဏ်ယူနေမှာပဲ။

" သမီးလေး လိုက်ပို့ရမလား "

" ဟင့်အင်း နုနုဘာသာသွားပါ့မယ် "

" ကိုကိုလိုက်ပို့ရမလား "

" ရပါတယ် သခင်လေး၊ နုနုသွားတတ်ပါတယ် "

နုနုကကျောင်းအရမ်းတတ်ချင်သူမို့ ကျောင်းထားပေးကြပေမဲ့ သခင်လေးတို့ကတော့ဒီမှာကျောင်းမတက်ဘူးပေ။ နိုင်ငံခြားမှာပဲစာသင်ခဲ့သူတြွေဖစ်ပြီး သခင်ဆိုငယ်ငဟ်ထဲကစာစိတ်မဝင်မစားသူတဲ့လေ။ နုနုအားလုံးကိုနှုတ်ဆက်ပြီး ဖယ်ရီစီးကာကျောင်းလာခဲ့တော့သည်။
နုပျိုကာအလှပန်းကြွယ်နေတဲ့ အပျိုအရွယ်မို့နုနုကလူကြိုက်များသည်။ ဖောင်းအိနေတဲ့ မျက်နှာလေးနဲ့ လုံးကာပုသေးတဲ့ခန္ဓာကိုယ်လေးကြောင့် ကောင်လေးတွေကလိုက်ငေးနေတော့သည်။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now