Part-30 { The End }
⚔️
Private လေယာဥ်ဆင်းတာနဲ့ နုနုမျက်မှန်အောက်ကနေသာယာတဲ့ ကောင်းကင်ကိုသဘောကျစွာကြည့်မိတော့သည်။ ဘေးကနေရုံက ထီးလာဆောင်းပေးတာမို့ ပုခုံးလှမ်းဖက်ပြီး
" ရုံ ကောင်းကင်ကဘယ်လောက်လှလိုက်လဲ။ ကြည့်စမ်း "
" အရမ်းလှပါတယ် မဒမ်"
" နင်မှန်တယ် ဒါပေမဲ့ငါ့လောက်တော့မလှဘူး "
နုနုပြောချင်တာပြောပြီးလက်ကလေးနှစ်ဖက်ကို လွှဲကာတစ်လှမ်းချင်း မြောက်ကြွမြောက်ကြွလျှောက်လာခဲ့တော့သည်။ သခင်လေပူတွေမှုတ်ထုတ်ရင်း မျက်မှန်တပ်ကာအနောက်ကနေလိုက်ရတော့သည်။ ဟိုတယ်ရောက်တာနဲ့ပင်လယ်ကိုတန်းမြင်ရတဲ့နေရာနဲ့အတူ ပင်လယ်ထဲတန်းဆင်းလို့ရတဲ့ ရေလွှာလျှောစီးပါတဲ့နေရာကိုရွေးထားတော့သည်။
မှန်တံခါးကနေလှမ်းကြည့်ပြီး စိမ်းလဲ့နေတဲ့ရေပြင်ကိုသဘောတွေကျနေမိတော့သည်။ တဲအိမ်ပုံစံလေးတွေဖြစ်ပြီး တည်ဆောက်ထားပုံကအရမ်းလှသည်။ ကိုယ်ပိုင်အိမ်လေးလိုဖြစ်ပြီး ရေကူးကန်တစ်လုံးပါသည်၊ ပြီးတော့ရေလွှာလျောစီးဖို့ပါလုပ်ပေးထားပြီးသားမို့ နုနုဟန်ကျနေတော့သည်။
" ဒေါ်နုနု ကျွန်တော့်နားလာဦးမလား "
" ဟွန့် ကိုကိုကလဲ အေးဆေးပေါ့။ နုနုဗိုက်ဆာလို့ "
" အခေါ်အဝေါ်ပြောင်းလို့ သည်းခံလိုက်မယ် "
နုနုကမျက်စိမှိတ်ပြတာမို့ သခင်ခေါင်းခါရင်း နေ့လည်စာအတွက်လှမ်းမှာပြီး အခန်းနေရာချရတော့သည်။ နုနုကတော့အိတ်တစ်လုံးနဲ့ အဝတ်လဲခန်းထဲဝင်သွားပြီးထွက်ကိုမလာသေးပေ။ ဘယ်လိုဒီဇိုင်းတွေဝတ်ပြီးလာဦးမလဲမသိပါ။ သခင်ကော်ဖီခါးခါးတစ်ခွက်နဲ့အတူ ပေါင်မုန့်မီးကင်နဲ့ salad ကိုသာစားနေလိုက်တော့သည်။
" ကိုသီဟသခင် "
" အင်း! အဟွတ် "
သခင်လှည့်ကြည့်ပြီးစားနေတဲ့အစာက လည်ချောင်းထဲတစ်ကာသီးသွားရသည်။ လိမ္မော်ရောင်ဘီကီနီကိုမှ ရင်ဘက်နှစ်လုံးကြားချိတ်ထားတဲ့ ကွင်းသေးသေးလေးသာပါပြီး ဘောင်းဘီကလဲဖင်နှစ်လုံးပြောင်နေတာကိုမြင်ရသည်။ သခင့်မျက်လုံးထဲတော့တစ်စက်မှအဆင်ပြေမနေပါ။
YOU ARE READING
ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}
ActionUnicode and Zaw Gyi 🚨 warning Start date- Feb 14 2022 End Date- May 1 2022 Mafia တစ်ယောက်ရဲ့ဇနီးဘဝကို မလိုချင်ပဲရလာခဲ့သလို သူများတွေထပ်ပိုခက်ခဲနိမ့်ကျတဲ့ဘဝတွေလဲရောက်ခဲ့ရတယ်။ ရန်ငြိုးတွေကြားထဲက Mafia ကြီးရဲ့ချစ်မေတ္တာနဲ့ ဇနီးဖြစ်သူရဲ့ဆိုးသွမ်းမှုတြွေ...