Part-24

9.2K 453 34
                                    

⚔️

" ဘယ်နားမှာတဲ့လဲ"

" ငရဲတွင်းမှာပါ၊ မှောင်ခိုကြိုးဝိုင်းထဲဇေယျကခေါ်လာပုံပါပဲ။ သခင်မရယ်လို့မသေချာပေမဲ့ အနီးစပ်ဆုံးတူနေပါတယ် "

" ပြ "

ဈာန်သူ့တပည့်ဆီကဖုန်းကိုတောင်းယူပြီး ကြိုးဝိုင်းထဲထိုးသတ်နေတဲ့ပုံကို အနီးကပ်ချဲ့ကြည့်လိုက်တော့သည်။ သွေးသံတရဲရဲကြားမှာ မျက်နှာပျောက်နေပေမဲ့နုနုဆိုတာ သေချာပါသည်။ ကိုသီဟသိရင်ချက်ချင်းထပြီး သွားသတ်မလားမသိနိုင်ပေမဲ့ သတ်ဖို့ကရာခိုင်နှုန်းအပြည့်မို့ သူအရင်သွားကယ်တာပိုကောင်းလိမ့်မည်။

" သွားမယ် လက်နက်ပြင်ထား "

" ဆရာ မရလောက်ဘူး။ အဲ့ဘက်ကကျွန်တော်တို့နဲ့မတူ  စည်းမရှိတဲ့ကောင်တွေ ကြမ်းကြုတ်ရက်စက်တဲ့ကောင်ကြီးပဲ။ ငွေရဖို့အတွက်နဲ့ စည်းလုံးနေကြတာ ကျွန်တော်တို့ကိုခုခံလိမ့်မယ် "

" ကြောက်လို့လား! မင်းလုပ်နေတာ မာဖီးယား၊ သေမှာကြောက်ရင်ထွက်လိုက်။ နုနုကိုအဲ့နေရာမှာပစ်ထားဖို့မဖြစ်နိုင်ဘူး။ "

" သခင်ကြီးကိုအကြောင်းကြားလိုက်ရင်ရော ဆရာ "

" ကိုသီဟအရင်လိုလွယ်လွယ်ကူကူ တရားမဝင်လုပ်နိုင်တဲ့အနေအထားမဟုတ်ဘူး။ သူ့ဘက်ကကြည့်ရင် လူထုနဲ့မေမေတို့ကဘောင်အတွင်းမှာ ကိုသီဟကသွားကယ်လို့ပြသနာဖြစ်ရင် ပြည်တွင်းစစ်ဖြစ်သွားနိုင်တယ်။ နယ်စပ်ကကောင်တွေက ဘာမဆိုလုပ်မှာ သူတို့ကအပိုင်သိမ်းထားတာ၊ မူးယစ်ရာဇာတွေ နိုင်ငံရေးနားလည်တဲ့ကောင်တွေမဟုတ်ဘူး "

" ကောင်းပါပြီ ကျွန်တော်ပြင်ထားပါ့မယ် "

ဈာန်ဖုန်းကိုကြည့်ရင်းကနေ သက်ပြင်းငွေ့ငွေ့ချမိသည်။ မရီးပဲတော်စပ်နေပါစေ သံယောဇဉ်ကဖြတ်ဖို့ခက်တယ်မလား။ နုနုထောင်တဲ့ကျော့ကွင်းထဲသိရဲ့နဲ့ဆင်းခဲ့သေးတာပဲ၊ အသေခံတာလောက်ကဘာမလုပ်နိုင်စရာရှိလဲ။ သူ့စိတ်ကတည်တံ့ပါတယ်  နုနုကိုကယ်မယ်၊ ပြီးရင်ကိုသီဟဆီပြန်ပေးမယ်။ နုနုအန္တရာယ်ကင်းပြီး ပျော်ရွှင်ဖို့ပဲမျှော်လင့်တာပါ၊ အစ်ကိုဖြစ်သူကိုရောပဲပေါ့။

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now