Part-4

20.2K 736 62
                                    

⚔️

" မေမေနဲ့ သမီးရော "

နုနုပြည်သူတွေကိုလဲ တစ်ဖက်ကမိတ်ဆွေ နယ်မြေထဲခေတ္တရှောင်စေပြီး အိမ်တော်ကိုထိန်းသိမ်းထားရသည်။ အိမ်တော်အကျယ်ကြီးရဲ့ ဥမင်လှိုင်ခေါင်းထဲ အခန်းတွေဖွဲ့ကာနေနေရတာမို့ အမြန်ဆင်းလာပြီး နုနုမေးရတော့သည်။ အမာကမသက်မသာနဲ့ လမ်းညွှန်ပြတော့ မေမေကငိုယိုနေသလို သမီးလေးကလဲငိုကာဂျစ်ကျနေတာမို့

" မေမေ "

" နုနု အမေ့သမီးလေး ဟီး! "

မေမေကသူ့ကိုတွေ့တာနဲ့ငိုချတာမို့ ဒူးထောက်ထိုင်ချကာ လက်ကိုဖွဖွကိုင်ထားလိုက်သည်။

" မေမေ ဘာဖြစ်လို့လဲ၊ မငိုနဲ့နော် နုရှိတယ်လေ အခုအန္တရာယ်ကင်းသွားပြီ။ နုနုအကုန်ထိန်းသိမ်းနိုင်ပြီ "

" အင်း  အမေ သိပါတယ်၊ ဒါ ဒါပေမဲ့ အမေ့သားကိုရှာပေးပါကွယ်၊ အမေ့သားလေး ဘယ်ကိုရောက်နေပြီလဲ.....အဲရစ်ဖုန်းဆက်တယ် သခင်စိုးရိမ်ရတယ်တဲ့ ! "

မေမေကအိနြေမဆည်နိုင်အောင် ငိုနေတာမို့ နုနုမျက်တောင်တွေ ၃ခါလောက်ပုတ်ခတ်သွားရသည်။ မသိစိတ်ကစိုးရိမ်ပေမဲ့ သိစိတ်ကတော့သေပါစေဆုတောင်းနေတာပဲလေ

" မေမေ့! ဟီး  ဒယ်ဒီ့ကိုခေါ်ပေး၊ "

" အင်းပါ မေ့သမီးလေးရဲ့၊ မေပြန်ရှာခဲ့မယ်နော် ရအောင်ရှာခဲ့မယ် "

သမီးလေးကိုဖက်ကာချော့ရင်းမေမေ့ကိုပါ ကတိပေးလိုက်တော့သည်။ နုနုသေနတ်ကိုင်ထားပြီး ဒဏ်ရာရနေတာကို မေမေကထူးဆန်းစွာကြည့်နေပေမဲ့ ညဏ်ထက်သူမို့နုနုအကြောင်းကိုသိသွားတဲ့ပုံပင်။ ခေါင်းအသာငြိမ့်ရင်း နုနုလက်ကိုကိုင်ကာ

" သမီး နုကအမေ့သမီးနော်၊ မေမေရဲ့ရတနာလေးပဲ သခင်ကလဲတူတူပဲ သခင်ကတစ်မြို့လုံးရဲ့အားကိုးရာပါ၊ သူ့ခြေရာကိုနုနုပဲအမှီလိုက်နိုင်မှာ မေမေသိတယ်၊ သခင့်နေရာမှာ သူပြန်မလာခင်ထိထိန်းသိမ်းပေးပါကွယ် "

" နု တာဝန်ကမေမေနဲ့သမီးကိုကာကွယ်ဖို့ပါပဲ ၊ နုကလေ အမေ့သမီးပါ ပြီးတော့မေမေ့သားကိုရအောင်ခေါ်လာခဲ့ပါ့မယ် နုကတိပေးတယ် "

ချစ်လူမိုက်နဲ့တစ်ထောင့်တစ်ည { Mafia turns into baby}Where stories live. Discover now