zawgyi
" အမတ်လောင်းKimရဲ့ တစ်ဦးတည်းသော သားဖြစ်သူKimကို သည်နေ့မနက် ၅ နာရီမှာပဲ ပြန်ပေးသမားတွေ လက်ထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်.. အမတ်လောင်းKimရဲ့သားငယ်ဟာ ဂိုဒေါင်ပျက်ထဲမှာ တစ်ပတ်တိုင်တိုင် အချုပ်နှောင်ခံထားရသည်ကြောင့် ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရလျက်ရှိပြီး Seoul အထူးကုသရေးဆေးရုံမှာ ဆေးကုသမှုခံယူလျက် ရှိနေသည်ဟု သိရှိရပါတယ်..."
ဆေးရုံကြီး၏ VVIPလူနာခန်းအတွင်း ကုတင်မှာ ခေါင်းအုံးကို အမှီပြုလျက် TVမှာ လွှင့်နေသည့် သတင်းတစ်ပုဒ်ကို မမှိတ်မသုန် စိုက်ကြည့်နေသည့် ကောင်လေးတစ်ဦး ။
ဖြူဖျော့နေသည့် နှုတ်ခမ်းသားက တင်းတင်းစေ့ပိတ်ထားလျက်ရှိကာ မျက်ဝန်းတို့ကလည်း အေးတိအေးစက် ။
အသက်အရွယ်အားဖြင့် ၁၆ နှစ်သာ ရှိသေးသည့်သူက အရွယ်နှင့်မလိုက်အောင် မျက်နှာထားက တည်တင်းအေးစက်လျက် ရှိနေသည် ။" တီ...."
" ဘာလို့.. ဒီလိုသတင်းတွေ ကြည့်နေတာလဲ..."
အခန်းထဲသို့ ဝင်လာသည့် လူကြီးတစ်ဦး.. အင်း.. အများအခေါ် အမတ်လောင်းKimပေါ့လေ..။
ထိုသူက remoteကို ကောက်ယူရင်း TVကို ပိတ်ချလိုက်သည် ။" ခန္ဓာကိုယ် အခြေအနေက ဘယ်လိုလဲ..."
" မြင်တဲ့အတိုင်းပဲ..."
" သားငယ်..."
" ပြန်ပေးသမားတွေကို ဘယ်လောက်ပေးလိုက်ရလဲ.. 1 million??.. ဒါမှမဟုတ်... millionတောင် တောင်းရဲ့လား.. ကျွန်တော့်တန်ဖိုးက ဘယ်လောက်ရှိလဲ...."
ခပ်ထေ့ထေ့ဆိုနေသည့် သူ့ကို အမတ်လောင်းKimက နဖူးကြောတွန့်ရှုံ့ပြီး ကြည့်နေသည် ။
" စကားနာ ထိုးမနေနဲ့.. Kim Taehyung.. အဲ့ဒါကြောင့် ငါ မင်းကို သတိပေးသားပဲ.. တစ်ယောက်တည်း လိုက်လျှောက်သွားမနေနဲ့လို့.. ဒါကို မင်းက Bodyguardတွေ မသိခင် ထွက်ထွက်သွားတယ်လေ.. အဲ့ဒါကြောင့် မင်း ပြန်ပေးဆွဲခံရတာ.. ငါ့ကို လူဘယ်နှစ်ယောက်လောက်က မျက်စိဒေါက်ထောက် ကြည့်နေကြလဲဆိုတာ သိရဲ့လား..."
" အာ.. ပြန်ပေးဆွဲခံရတာက.. ကျွန်တော့်ရဲ့ အပြစ်ပေါ့နော်.. ဟုတ်သားပဲ.. သောက်သုံးမကျတဲ့ Bodyguardတွေကို တစ်ပတ်ရိုက်ပြီး လှည့်ထွက်နိုင်ခဲ့တဲ့.. ကျွန်တော့်ရဲ့စောက်ပြစ်ပဲ.."