Part ~ 28

11.6K 1.2K 32
                                    

zawgyi

ဂိုဒေါင်ပျက်အတွင်းမှာ Taehyungဟာ တိုင်တစ်တိုင်တွင် ကြိုးချည်ခံထားလျက်သား အနေအထား ။

မှောင်ပိတ်နေသည့် ဂိုဒေါင်ပျက်ထဲမှာ သူတစ်ယောက်သာ ရှိသည် ။
ရွံရှာဖွယ် အကောင်တို့ကလည်း သူ့ပတ်ပတ်လည်မှာ အောင့်သက်သက် အနံ့တို့က မသတီစရာ ။

ဖြူဖျော့နေသည့် နှုတ်ခမ်းပါးက အသံပင် မထွက်နိုင် ။

Taehyungကို ချုပ်နှောင်ထားပြီး တစ်ခါတစ်ရံမှသာ အထဲဝင်လာတတ်သော အဲ့ဒီလူတွေ၏ ခြေသံတရှပ်ရှပ်က နားထဲဝင်လာခဲ့သည် ။

" အဲ့ကလေး မောသွားပြီထင်တယ်... ရှေ့ရက်တွေကတော့ အော်ဟစ်ဆဲဆိုနေတာ.. မိုးမွှန်နေအောင်ပဲ.. အခုတော့ တိတ်သွားပြီ..."

" ကျွတ်..ကျွတ်... နုနုဖတ်ဖတ် သူဌေးသားဆိုတော့လည်း... အပင်ပန်းမခံနိုင်ဘဲ အားတန်းလျော့သွားပြီ.."

အသိစိတ်က ကပ်တစ်ချက်မကပ်တစ်ချက်ဆိုသော်လည်း သူတို့၏စကားများကို Taehyung သဲကွဲစွာကြားနေရသည် ။

" Jisong... အခြေအနေ ဘယ်လိုလဲ..."

Jisong?... Jisongဆိုတာက... Jiminရဲ့အစ်ကို မဟုတ်ဘူးလား...။

" ပိုက်ဆံပြင်ဖို့ အချိန်ပေးခဲ့တယ်..."

" ဒီကလေးက အမတ်လောင်းရဲ့သားဆို... ငါတို့ကို ချောင်ပိတ်ထောင်ဖမ်းရင် ဘယ်လိုလုပ်မလဲ..."

" ငါ့ဘဝရဲ့ရှေ့ရေးကို.. ဒီတစ်ခေါက်မှာ အကုန်ရင်းနှီးမြှပ်နှံထားတာ... သူတို့ဘက်က စကားမတည်ဘဲ မဆင်မခြင်လုပ်ရင် ငါလည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး အဲ့ဒီ့ကလေးကို.... သတ်..ပစ်..မှာ..."

ငါ...ငါ ကြားနေရတာက ဘာတွေလဲ....။

" မင်းရဲ့ညီကိုရော နှုတ်သေချာပိတ်ခဲ့ရဲ့လား...."

" သူက.. ငါ့တစ်ခွန်းနဲ့တင်ပြီးတယ်... သူ့သူငယ်ချင်းက.. ပိုက်ဆံ အရမ်းချမ်းသာတာကို သူလည်း သိနေတာပဲလေ...."

Jisong၏စကားကြောင့် တုန်လှုပ်သွားခဲ့ရသည့်Taehyung..။
Jimin... Jimin...က... ဒီကိစ္စတွေကို.. သိနေတာလား....။

ဘယ်လိုလုပ် ငါ့ကို... ပိုက်ဆံအတွက်နဲ့.. ဒီလို လုပ်နိုင်ရတာလဲ...။

Bodyguard (Complete)Where stories live. Discover now