zawgyi
ကားလမ်းမလေးထက် တရိပ်ရိပ်ပြေးလွှားနေသော ကားလေးထက်ဝယ် Jungkookက ကားကိုမောင်းနေသလို Taehyungကတော့ အမိုးပေါက် ဖွင့်ဟထားသည့် ကားအနောက်ခန်းမှာ ရပ်ရင်း အသံမိုင်ကုန်ဟစ်ကာ မြူးထူးသွားသည့် စိတ်အစဉ်နှင့်အတူ ဖြတ်သန်းတိုက်ခတ်နေသည့် လေကြမ်းများကို ခံယူနေသည် ။
" အဲ့ဒီ့လောက်တောင် ပျော်လား..."
" အော... လွတ်လပ်မှုဆိုတာက ဒါပဲလေ..."
" ပြန်ထိုင်တော့.. အအေးမိလိမ့်မယ်..."
" ခဏလောက်လေးပဲ..."
" ပြန်ထိုင်..."
Jungkook နောက်တစ်ခွန်းထပ်ဆိုသည့်အခါမှ အညိုလေးက အနည်းငယ်ဆူသွားသည့် နှုတ်ခမ်းပါးနှင့်အတူ ထိုင်ခုံမှာ ပြန်ထိုင်ချလာသည် ။
ထိုအခါမှ အမိုးပေါက်ကို ခလုတ်နှိပ်ကာ ပြန်ပိတ်လိုက်သည် ။" Jung... ငါတို့ ကားအပေါ်မှာ.. မစမ်းဖူးသေးဘူးမလား.. စမ်းကြည့်ကြရအောင်..."
ကားနောက်ကြည့်မှန်ကနေ ကြည့်လိုက်သည့်အခါ အညိုလေး၏ ပျော်မြူးနေပုံရသည့် မျက်နှာလှလှလေးကြောင့် Jungkook နှုတ်ခမ်းထောင့်စွန်း ကွေးညွှတ်သွားရကာ လမ်းဘေးမှာ ကားကိုထိုးရပ်လိုက်လျှင် အညိုလေးက မထင်ထားဟန်နှင့် မျက်ခုံးပင့်သွားသည် ။
" တကယ်ကြီးလား... "
Taehyungက သူပေါက်ပန်းလေးဆယ်ပြောတိုင်း Jungက ဉပေက္ခာပြုနေကြဖြစ်၍ ဒီတစ်ကြိမ်သူ့၏စကားကိုလည်း ဉပေက္ခာပြုလိမ့်မည်သာ ထင်ခဲ့တာ ။
ကားအရှေ့ခန်းကနေ ဆင်းလာခဲ့သည့် Jungက Taehyungရှိရာ ကားအနောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်ရင်း အဖြေအစား နှုတ်ခမ်းသားကို ဖိကပ်စုပ်ယူလာခဲ့လျှင် Taehyung၏ နှုတ်ခမ်းသားကလည်း ပြုံးရိပ်ယောင် သန်းသွားရလျက် အနမ်းများကို အမှီတုံ့ပြန်လိုက်သည် ။
နီးကပ်လွန်းနေသည့် သူတို့ကြားမှာ တစ်ယောက်၏အသက်ရှုငွေ့နွေးနွေးကို တစ်ယောက်က ခံစားသိရှိနေကာ စည်းချက်ညီညီ ကိုက်ခဲစုပ်ယူမှုတို့နှင့်အတူ ပွင့်ဟနေသည့် နှုတ်ခမ်းလွှာလေးထဲက လျှာဖျားအချင်းချင်းတို့ လှိမ်ယှက်နေကြသည် ။