zawgyi
" ပြီးပြီလား... အညိုလေး... အရှေ့မှာ Taxiစောင့်နေပြီ..."
" ပြီးပြီ...."
ဒီနေ့ကိုက Jungkookနှင့် Taehyungသည် Zaanse Schansရွာသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကာ အိမ်ရှေ့မှာ အဌားခေါ်ထားသည့် Taxiကရောက်နေပြီ..။
" အခုသွားမယ့်နေရာက.. ဘယ်လိုအသံထွက်တာလဲ...ဇန်ဆီ ရှောင့် လား.. ဇန်စိ့ သျှောင့် လား... အား.. (Dutch) ဒတ်ခ်ျလူမျိုးတွေရဲ့ အသံထွက်က တကယ်ခက်တာပဲ..."
" အင်း... ဖရန်ဆေးဇ်တွေရဲ့ အသံထွက်ကို ခက်တယ်ထင်ခဲ့တာ.. ဒတ်ခ်ျလူမျိုးတွေရဲ့အသံထွက်ကလည်း ခက်တယ်..."
Jungkookနှင့်Taehyungသည် အဌားကားစီး၍ မြို့တော် အမ်စတာဒမ် (Amsterdam) ဗဟိုဘူတာကိုသာ မောင်းပို့ခိုင်းလိုက်သည် ။
ထိုရွာလေးရှိရာက မြို့တော် အမ်စတာဒမ်နှင့် သိပ်မဝေးသဖြင့် ၄၅မိနစ်လောက်သာ ရထားစီးရသည် ။Zaanse Schansရွာသည် ၁၇ရာစု၊၁၈ရာစုလောက်တည်းက သစ်သားအိမ်တွေကို ဖျက်သိမ်းခြင်းမရှိဘဲ ယခုထက်ထိတိုင် ထိန်းသိမ်းထားသည့် ဒတ်ခ်ျရိုးရာကျေးရွာလေးဖြစ်သည် ။
သို့ဖြစ်၍ မြင်သမျှအရာရာတိုင်းဟာ မျက်စိအေးလွန်းလှသည် ။
ကြီးမားလှသည့် လေရဟတ်၊ရေရဟတ်တွေကို Jungkookနှင့်Taehyungသည် လမ်းလျှောက်ပြီးတော့သာ လိုက်လံကြည့်ရှုကာ ကျူးလစ်မြို့တော်ဆိုသည့်အတိုင်း ကျူးလစ်ပန်းခင်းများကတော့ လက်ညိုးထိုးမလွဲရှိသည် ။
Taehyungသည် လေရဟတ်တစ်ခုအရှေ့မှာ စိုက်ပျိုးထားသည့် မျက်စိတဆုံးထိရှိပါသော ကျူးလစ်ပန်းခင်းဆီသို့ရောက်လျှင် ပန်းခင်းအရှေ့မှာထိုင်ချလိုက်သည် ။
" ဘာလုပ်မို့လဲ... အညိုလေး..."
" ပန်းချိုးချင်လို့..."
" အိမ်မှာလည်း.. ကျူးလစ်ပန်းခင်းရှိတာကို... ဒါက သူများရဲ့ကျူးလစ်ခင်းလေ.. ပြီးတော့ ပန်းချိုးပြီး ဘာလုပ်မို့လဲ...."
" Jung.. ပန်းဆိုတာက ဘာလုပ်ဖို့စိုက်ထားတာလဲ.. ချိုးဖို့အတွက်ပဲလေ.. မဟုတ်ဘူးလား..."
Jungkookမှာ မတားမြစ်နိုင်လိုက်ခင် အဆိုးအဆာလေးမှာ ကျူးလစ်ပန်းများကိုချိုးလိုက်လျှင် ခပ်လှမ်းလှမ်းမှ မြင်သွားပုံရသည့် ဒတ်ခ်ျလူမျိုးတစ်ဦးမှာ ဒတ်ခ်ျအသံနှင့်အော်ဟစ်လာကာ အနားသို့လာနေပါလျှင် Jungkookမှာ မျက်နှာပူစွာနှင့်ပင် တောင်းပန်စကားဆိုရန်သာတွေးလိုက်ရသည် ။