zawgyi
ကျောင်းသွားရန်အတွက် ကျောင်းဝတ်စုံကို ဝတ်ဆင်နေပါသည့်Taehyung ။
" ငါ.. ကျောင်းသွားတော့မယ်နော်... Jung..."
မနက်ခင်းအချိန်အခါဆိုသော်လည်း အလုပ်စားပွဲမှာ ထိုင်လျက်ရှိနေသည့် Jungအပေါ်မှာ တက်ခွပြီး နှုတ်ခမ်းသားကိုအနမ်းပေးနှုတ်ဆက်လိုက်သည့်အခါ Jungကလည်း Taehyungကိုပြန်နမ်းလာသည် ။
" ကားကို.. သတ်မှတ်ထားတဲ့ အရှိန်နှုန်းထက် ကျော်ပြီးတော့ မမောင်းနဲ့... ပြီးတော့..."
" အား... သိတယ်.. သိတယ်... တစ်နေ့လာ ဒါ.. တစ်နေ့လာ..ဒါနဲ့.. အက်ကြောင်းထပ်တဲ့ ဓာတ်ပြားဟောင်းကြီးဖွင့်နေရတာ.. အဖေက မမောသေးဘူးလား... "
" ဒီသားလေးကလည်း.. ထပ်ခါထပ်ခါ အမှာပါးမှ တော်ကာကျတာလေ... မဟုတ်လို့လား..."
" အားရှ်... တကယ်ပါပဲ... Nae.. Nae.. အဖေ့စကားကို နားထောင်ပါ့မယ်... ငါသွားပြီ Jung... "
" အင်း....."
အညိုလေးက Jungkookပေါ်မှထပြီး ကျောင်းကိုသွားရန်အတွက် အပြင်ကိုထွက်သွားခဲ့မှ Jungkookသည် Laptopထက်က ဝန်ကြီး Han Jungmin၏ ကိုယ်ရေးအချက်အလက်များကို စိုက်ကြည့်နေသည့်သူ့မျက်ဝန်းစုံဟာ အေးစက်သွားခဲ့သည် ။
ဒီအတောအတွင်းမှာ Jungkookက Taehyung၏ Barတုန်းက မီးဖြတ်ခံရသည့်caseနှင့်အတူ သူတို့သတင်းကို တမင်သက်သက် ဖော်ထုတ်ခဲ့သည့်နောက်ကွယ်ကလူကို စုံစမ်းနေခဲ့ကာ အခုတော့ဖြင့် သူ့လက်ထဲမှာ နောက်ကွယ်ကလူ၏အချက်အလက်တွေက ရောက်ရှိလာခဲ့ပြီ..။
Han Jungminဆိုတာက အညိုလေးရဲ့အဖေနှင့် ပြိုင်ဘက်ဖြစ်ဖူးသည့် အမတ်လောင်းတစ်ဦး..။
ထိုလူက အခု ဝန်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်နေကာ အညိုလေးကို လာထိပါးသောရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရပေမယ့် Jungkookက အသာတကြည် လွတ်ပေးရရိုးလား..။ထိုလူက တခြားဟာထက် သူ့အညိုလေးကို လာထိပါးခဲ့တာလေ..။
.
.
.ကျောင်းသို့ ပြိုင်ကားအနီလေးနှင့် ရောက်လာခဲ့သော Taehyungသည် ကားကိုပါကင်မှာထိုးဆိုက်ကာ ကားထက်ကနေဆင်းလိုက်သည် ။
ဖခင်ဖြစ်သူက သမ္မတရာထူးကနေ နှုတ်ထွက်လိုက်တည်းက သူ့၏ဘဝသည် သာမန်လူတွေလိုပင် ရိုးရှင်းစွာ နေထိုင်နိုင်ခဲ့သည် ။
သို့ဖြစ်၍ ခါတိုင်းဆို ဖြစ်တည်လေ့မရှိသည့် ပေါ့ပေါ့ပါးပါး အပြုံးတို့ဟာ ကျောင်းဆောင်ရှေ့မှာ ရပ်စောင့်နေသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည့်အခါ ဆိတ်သုန်းသွားခဲ့ရသည် ။