zawgyi
အသိစိတ်ဝင်လာခဲ့သည့် Taehyung၏အာရုံက ဝေဝေဝါးဝါး..။
သူ မနေ့တုန်းက Partyမှာ.. သောက်ခဲ့တယ်..။
Jungက Min Hyungsoekကို သွားပို့ပေးတုန်း.. Yoon Saeheeက ရောက်လာတယ်...။
ပြီးတော့.. သူ မှောက်သွားတယ်..။" နိုးရင်လည်း.. ထပါတော့ သခင်လေး... ခေါင်းကြည်သွားအောင်.. ပျားသံပရာရည်လုပ်ပေးထားတယ်.. အရင်ထသောက်လိုက်..."
Jung၏အသံကိုကြားမှ Taehyung လေးလံနေသည့်မျက်ခွံတို့ကို အားတင်းဖွင့်လိုက်ရသည် ။
" အား... ဘာအရက်မလို့.. ဒီလောက် ပြင်းရတာလဲ.. ခေါင်းအုံလိုက်တာ..."
" အရမ်း နေရခက်နေလား..."
" အော... နေရခက်တယ်... ငါ့ကို ထူ..."
အိပ်ရာထက်ကနေတောင် မိမိကိုယ်ကိုယ်မထဘဲ Jungkookကို လက်ဆန့်တန်းပေးလိုက်သည့် Taehyung ။
" Aigoo.. ကျွန်တော့်ရဲ့ကလေးလေးပဲ..."
" အင်း.. မင်းက ငါ့အဖေလေ.."
Jungkookစကားကို တစ်ခွန်းမကျန်ပြန်ချေပသည့် အညိုလေးပုံစံကြောင့် Jungkook စိတ်အေးသွားရသည် ။
ဘာကိုမှ မရိပ်မိတာက တကယ် ကံကောင်းတယ်...။" ကျွန်တော်တို့ Seoulကို မနက်ဖြန်ပြန်မယ်... လက်မှတ်လည်း စီစဉ်ထားပြီးပြီ... ကျောင်းကလည်း ပြန်ဖွင့်တော့မှာလေ..."
" အားရှ်... ကျောင်းပြန်ဖွင့်တော့မှာလား... စိတ်ပျက်ဖို့အကောင်းဆုံးအကြောင်းအရာပဲ.. ခေါင်းတောင် ပိုနောက်သွားသလို ခံစားလိုက်ရတယ်..."
" ဒီတစ်နှစ်ပြီးရင်.. ကျောင်းပြီးပြီမို့ သည်းခံလိုက်ပါဦး..."
" ငါ ကျောင်းပြီးရင်တော့ ဘာအလုပ်မှ မလုပ်ဘူးနော်.. Jung... ငါရတဲ့အမွေတွေနဲ့ သူဌေးပဲလုပ်မှာ..ပြီးရင် မင်းနဲ့အတူ ကမ္ဘာပတ်ပြီး နေရာအစုံမှာ လုပ်ကြမယ်.."
" ပျားသံပရာရည်သာ သောက်ပါ.. သခင်လေး..."
Taehyungက မနက်ခင်းတစ်ပိုင်းလုံး အိပ်ရာထဲမှာ ခွေခေါက်နေကာ နေ့လယ်စာစားချိန်သို့ရောက်လျှင် အဘွားတို့က သူနှင့်ထမင်းတစ်နပ်လောက် အတူစားချင်သည်ဆို၍ ထွက်လာခဲ့ရသည် ။
ခါတိုင်းဆို Taehyungကို မကြည့်သလိုကြည့်တတ်ကြသည့် အမျိုးတွေက ဒီနေ့ကျ အကြည့်တွေက တစ်မျိုးတစ်မည် ။