Part ~ 20

15.3K 1.4K 91
                                    

zawgyi

ရေချိုးထားသည့် Taehyungက boxerနှင့် ရှပ်တစ်ထည်သာ ဝတ်ဆင်ထားပြီး ကုတင်ပေါ်မှာ ထိုင်လျက် နီရဲတွတ်နေသည့် သူ့ဒူးလေးကို လေနှင့်တဖူးဖူးမှုတ်နေရသည် ။

လုပ်တုန်းကတော့ ခံစားချက်က highနေ၍ မသိသာ..၊ အခုကျမှ သူ့ဒူးလေးကခပ်ရဲရဲနှင့် ပွန်းပဲ့ဒဏ်ရာပင်ရချင်ချင် ။

" လက်ဖယ်..."

Jungက ဆေးဘူးယူရင်း Taehyung အရှေ့မှာ ဝင်ထိုင်လာကာ နီမြန်းနေသည့်ဒူးလေးကို အနမ်းဖွဖွ ကျဲချပြီးမှ ဆေးအသာလူးပေးသည် ။

" အရမ်း..နာနေလား..."

" အရမ်းတော့မဟုတ်ဘူး... "

" နောက်ကျ နေရာသေချာရွေးရမယ် ထင်တယ်..."

" အဲ့လို လုပ်စရာမှ မလိုတာ... နေရာအစုံမှာ လုပ်ဖူးချင်တာက ငါ့ရဲ့အိပ်မက်တစ်စိတ်တစ်ပိုင်းပဲလေ... ပြီးတော့.. Paradiseကို တစ်ခေါက်မကရောက်ခဲ့ရတာပဲ.. ဘာဖြစ်ဖြစ် အဲ့ဒါက အဓိကပွိုင့်..မဟုတ်ဘူးလား..."

အညိုလေး၏ မျက်ခုံးပင့်ကာ ခပ်စစဆိုလာသည့်စကားကြောင့် Jungkook မနိုင်သလို ခေါင်းအသာယမ်းရင်း ဝင်းမွတ်နေသည့် ခြေတံရှည်ရှည်တို့ကို အကြည့်တို့က မလွဲနိုင်ဘဲ ခပ်ဖွဖွလေး ပွတ်ဆွဲနေမိသည် ။

" လှတယ်...."

" သိတယ်... အိပ်ချင်လား.. ဒီပေါ်မှာ..."

Taehyungက တပျဉ်ခွေထိုင်လိုက်ရင်း သူ့၏ပေါင်သားဖွေးဖွေးလေးကို မေးဆတ်ပြလာသည် ။
Jungkookလည်း ခွန်အားသုံးထားရသည်ဖြစ်၍ သမ်းဝေလာကာ Taehyung၏ပေါင်သားပေါ်မှာ ခေါင်းတင်လာရင်း ခပ်ဖွေးဖွေးပေါင်သားကိုတစ်ချက်ဖိကပ်နမ်းပြီးမှ အိပ်သွားသည် ။

Taehyungကတော့ သူတို့ကိစ္စပြီးတုန်းက တစ်ရေးအိပ်ထားသည်ဖြစ်၍ ခေါင်းအုံးလေးနှင့်နောက်ကျောအမှီပြုကာ လက်တစ်ဖက်က ဖုန်းသုံးရင်း ကျန်လက်တစ်ဖက်ကတော့ Jung၏ဆံနွယ်ကြားထဲ လက်ချောင်းသွယ်သွယ်တို့နှင့် ထိုးဖွဆော့ကစားနေသည် ။

" ဒေါက်... ဒေါက်..."

ကြားလိုက်ရသည့် တံခါးခေါက်သံနှင့်အတူ အထဲကခွင့်ပြုသံကိုပင်မစောင့်ဘဲ တံခါးဖွင့်ဝင်လာခဲ့သည့် Min Hannaက Taehyung ပေါင်ပေါ်မှာ အိပ်နေသည့် Jungkookကိုမြင်လျှင် မျက်နှာမဲကျသွားရသည် ။

Bodyguard (Complete)Where stories live. Discover now