Part ~ 39

12.7K 1.1K 70
                                    

zawgyi

" ဒါဆို... Netherlandsမှာပဲ... လက်ထပ်စာချုပ် လက်မှတ်ထိုးမှာလား...."

သူဌေးKimသည် သူ့မျက်စိရှေ့က သားဖြစ်သူနှင့်Jungkookကိုကြည့်ရင်း အမေးထုတ်လိုက်လျှင် Jungkookက ခေါင်းညိတ်ပြလာသည် ။

" ဟုတ်ကဲ့... သူဌေး... အဲ့မှာက လိင်တူထိမ်းမြားလက်ထပ်ခွင့်ရှိတယ်ဆိုတော့... ကျွန်တော်တို့ အဲ့ဒီ့မှာ လက်ထပ်စာချုပ် ချုပ်ဖြစ်ပြီး လနည်းနည်းတော့နေဖြစ်မယ်..."

" အာ.... သူဌေးဆိုတာက ဘာလဲ... မင်းက ငါ့ရဲ့သားမက်ဖြစ်တော့မှာပဲကို... အခေါ်အဝေါ်ပြောင်းတော့ပေါ့... အဖေ...မဟုတ်ရင်တောင်.. ဦးလေးဖြစ်ဖြစ်..."

" အာ... ဟုတ်ကဲ့...."

" Netherlandsကိုတော့ ငါ လိုက်နိုင်မှာမဟုတ်ဘူးဆိုတော့.. မင်းတို့ အဲ့ကိုမသွားခင်အတောအတွင်းတော့... ငါ့အိမ်မှာပဲ အဖော်ပြုပြီးနေပေးလို့ရမလား..."

" အော..."

ဖခင်ဖြစ်သူ၏တောင်းဆိုမှုကို Taehyungသည် ခေါင်းညိတ်လက်ခံလိုက်ရင်းမှ တစ်ခုခုပြောစရာရှိနေ၍ နှုတ်ခမ်းသားလေးက လှုပ်လှုပ်ယွယွ..။

Jungkookကလည်း Taehyungကို ပြောလိုက်လေ'ဟူသည့် သဘောနှင့်လက်တို့လိုက်သည့်အခါ သူဌေးKimကတော့ မျက်ခုံးပင့်ပြီးတော့သာ ကြည့်နေသည် ။

" ဘာမလို့လဲ... ပြောလေ..."

" ဟို... ကျွန်တော်... အဖေ့အတွက်... အဟမ်း... ပုံတူ ပန်းပုထုပေးထားတယ်... ဘယ်မှာ ထားချင်လဲ... အိမ်ကိုသယ်လာခိုင်းမလို့..."

Taehyung၏စကားကြောင့် သူဌေးKimသည် မှင်သက်သွားရင်းမှ သဘောကျသည့်အပြုံးတို့ဖြစ်ပေါ်လာသည် ။

သားက သူ့မိခင်၏ခြေရာကိုလိုက်နင်းကာ ပန်းပုလက်မှုပညာကို လိုက်စားခဲ့သော်လည်း သားဆီကနေ သူ့အတွက် ပုံတူပန်းပုလက်ဆောင်ကို အခုမှပင်ပထမဆုံးရရှိဖူးသည် ။

" ဧည့်ခန်းမှာထားမယ်လေ... ဧည့်သည်တွေလာတဲ့အခါလည်း.. အဖေကပြန်ကြွားလို့ရတာပေါ့... အာ... ပုံတူပန်းပုကိုတင်ဖို့အတွက် စင်ကောင်းကောင်းလေးလည်းလိုတယ်... ခဏ... အတွင်းရေးမှူးကို လှမ်းမှာလိုက်မယ်..."

" မလိုဘူး... ကျွန်တော်က စင်ကိုပါ.. ပြင်ပေးထားတယ်... ထားဖို့နေရာကိုသာ.. ရွေးလိုက်...."

Bodyguard (Complete)Where stories live. Discover now