Part ~ 9

19.4K 1.6K 288
                                    

zawgyi

" ဒေါက်... ဒေါက်..."

" ကျွန်တော် ဝင်လာပြီနော်... သခင်လေး..."

Jungkook အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့လျှင် ကုတင်ထက်က စောင်ပုံထဲမှာ အခုထက်ထိတိုင် လုံးထွေးလျက်ရှိနေဆဲ အညိုလေး ။

" ကျောင်းသွားရမှာကို မေ့နေတာတော့ မဟုတ်ဘူးမလား... ထတော့.."

" အင်းမ်... ၅မိနစ်ပဲ..."

" ၅မိနစ်ကနေ နောက်ထပ် ၅မိနစ်အချိန်ထပ်ဆွဲနေမယ့်အစား ထပါတော့... သခင်လေး..."

အဆီပြန်နေသည့် မျက်နှာနုနုထွေးထွေးလေး..။
နှုတ်ခမ်းကလည်း အရှေ့သို့စူလျက်ရှိနေကာ ဂျစ်တစ်တစ် ညည်းညူသံပြုရင်း မျက်ဝန်းအစုံကို အားတင်းပြီး ဖွင့်ဟလာသည် ။

ကျောင်းဖွင့်သည့်နေ့ရက်တွေက Taehyungအတွက် မြင်ပြင်းကပ်စရာ အကောင်းဆုံးအချိန်အခိုက်အတန့်တွေပင် ။
မနက်နေဖင်ထိုးသည်အထိ အပျင်းတစ်လို့ မရဘဲ အိပ်ရာထက်ကနေ တွန်းအားပေးပြီး ထရသည် ။

" ကျောင်းတက်ရတာကို မုန်းလိုက်တာ... "

" ဒီတစ်နှစ်ပြီး နောက်ထပ်တစ်နှစ်ဆိုရင် ကျောင်းပြီးပါပြီ... သည်းခံပြီး တက်လိုက်ပါဦး... "

" Jung... ငါ့ကိုချီ... "

စောင်ပုံထဲကနေ ကိုယ်တိုင် ထရမည်ကိုပင် အပျင်းတစ်နေသော အညိုလေးကြောင့် Jungkook အပြုံးပါးပါး ချိတ်ဆွဲသွားရင်း ပွေ့ချီကာ ရေချိုးခန်ဆီ ခေါ်ဆောင်သွားပေးလိုက်သည် ။

သွားတိုက်၊ မျက်နှာသစ်တာကအဆုံး Jungkookမပါရင် မပြီးသည့် အညိုလေးက လက်တစ်ချောင်းထောင်ရမည်ကိုပင် ပျင်းရိသည့်ဟန်နှင့် ဘေစင်မှာသာ တစ်ကိုယ်လုံး အမှီပြုနေသည် ။

ကျောင်းဝတ်စုံ ဝတ်တော့လည်း Jungkookကသာ ကြယ်သီးတွေအစုံ တပ်ဆင်ပေးရသည် ။

အရာမပျောက်သေးသည့် ညှပ်ရိုးဆီက အနီကွက်လေးအပေါ် ခပ်ဖွဖွလေး နမ်းမိလျှင် အညိုလေးက နှုတ်ခမ်းကိုပါနမ်းဆိုသည့်ဟန်နှင့် ရှေ့သို့စူထော်ပေးလာသည် ။

ယဉ်ပါးနေသည့်အနမ်းတို့က မိနစ်သို့ကူးပြောင်းသည့်တိုင် အမျှင်မပြတ်ချင် ။

Bodyguard (Complete)Where stories live. Discover now