zawgyi
" ဒုန်း!..."
အခန်းတံခါးပိတ်သံက ခပ်ကြမ်းကြမ်း ။
ဒေါသအငွေ့တလူလူ ထွက်နေသည့် အညိုလေးကို Jungkook မည်သည့်စကားမျှ မဆိုသေးဘဲ နှုတ်ပိတ်ပြီးတော့သာ ကြည့်နေရသည် ။" အားရှ်... ငါ-ိုး... ဘာလို့ ဒီလောက် ကျက်သရေတုံးရတာလဲ!.. Jung.. မင်းမှာ လက်မပါဘူးလား.. အဲ့ဟာမ ကပ်တာကို ဘာလို့ငြိမ်ခံနေတာလဲ.."
" ကျွန်တော်တို့က ဧည့်သည်တွေပါ.. ပြီးတော့.. သခင်လေးက ဘယ်လိုအပြုအမူမျိုးဖြစ်ဖြစ် ရှေ့နောက်မကြည့်ဘဲ လုပ်လို့ရတယ်ဆိုပေမယ့်.. ကျွန်တော်ကျ အခြေအနေ မတူဘူးလေ..."
" အားရှ်.. ဒေါသ ထွက်လိုက်တာ.. မင်း သူနဲ့ဝေးဝေးနေ.. အဲ့ဒီ့ကျက်သတုံးမကို ငါ့ငါ ဖြေရှင်းမယ်..."
" Nae..."
အညိုလေး ဒေါသထွက်နေသည့်အချိန်မှာ မည်သည့်စကားမျှ အတွန့်တက်လို့မရ ။
ထို့ကြောင့် Jungkook ငြိမ်ဆိမ်စွာသာ ရပ်နေရင်း အရိပ်အခြည်ကြည့်မိသည် ။အပေါ်ဝတ်အင်္ကျီကို အကြမ်းပတမ်း ဆွဲချွတ်ပြီး ပစ်ပေါက်လွှင့်ပစ်နေသည့် Taehyung ဒေါသကို သက်မဲ့အရာတွေအပေါ် ဖြေချလိုက်သော်လည်း တော်ရုံနှင့်မပြေ ။
ဒီအိမ်မှာရှိသည့် အမျိုးအုပ်ကြီးကိုလည်း မုန်းသည်၊ Min Hannaကို ပိုပိုမုန်းသည် ။
ကြမ်းပြင်ပေါ်က အင်္ကျီကို ခြေထောက်နှင့်စိတ်ရှိလက်ရှိ နင်းခြေပြီးမှ သူ အနည်းငယ် နေသာထိုင်သာ ရှိသွားကာ အသက်ပြင်းပြင်းရှုရှိုက်နေစဉ် Jungက အနောက်ကနေပြီး သူ့ခန္ဓာကိုယ်ကို သိုင်းဖက်လာခဲ့ကာ ပခုံးဖျားထက်တွင် မေးလေးတင်လာသည် ။
" ဘာတွေ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ.. ကျွန်တော့်ရဲ့အညိုလေးက..."
" တစ်မျိုးလုံးက အချိုးမှမပြေတာ.. ငါမုန်းတဲ့ပုံစံတွေချည်းပဲ..."
" ဒေါသ နည်းနည်းလောက် လျော့ပြီလား..."
နွေးထွေးသည့် ရင်ခွင်ကျယ်မှာ ခိုလှုံလိုက်ရတည်းက Taehyung၏ စိတ်တွေက ငြိမ်သက်သွားခဲ့တာ..။
Jungက Taehyungအတွက် မရှိမဖြစ်တဲ့ ဖြစ်တည်မှုမျိုး..။
အဲ့ဒီလို Jungကို သူတစ်ပါးက လာထိဖို့မပြောနဲ့ အကြည့်လေးနဲ့ပစ်မှားသည်ကိုတောင် Taehyung သည်းညည်းမခံနိုင်ဘူး ။