zawgyi
" ကိုကို... ဧည့်သည်ရောက်နေတာက ကြာနေပြီလေ...."
အမေ့၏ဆိုင်အတွင်းမှာ မျက်နှာပြောင်ပြောင်နှင့် မနက်လင်းတည်းက လာထိုင်နေပါသည့်ဝန်ကြီးသား ။
Choi Soobinမှာ ဝန်ကြီးသား၏ရှက်ဖို့ကောင်းလွန်းသည့် ကမ်းလမ်းချက်ကို ရပြီးတည်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး သူဖုန်းဆက်တိုင်းလည်းမကိုင်တော့သလို သူလာတိုင်းလည်း အဖက်မလုပ်ခဲ့သည်မှာကြာပြီ...။
ဒါကို မျက်နှာပြောင်လွန်းသည့် ဝန်ကြီးသားက Soobin အမေ့ဆိုင်မှာအလုပ်ကူညီသည့်ရက်တိုင်း ဆိုင်ကိုအစောကြီးရောက်ချလာကာ Soobinဘာလုပ်လုပ် ထိုင်ကြည့်နေတာဖြစ်သည် ။
ကြာတော့ အမေတို့ညီမလေးတို့ကလည်း ရိပ်မိလာပြီ ။
အဲ့ဒီ့ဝန်ကြီးသားက လူလစ်သည့်အခါ သူ့ထံအကြည့်ရောက်မိသွားသည့် Soobinကိုလည်း မျက်စပစ်ကာ fly kissက လှမ်းပေးသေးသည် ။
ပြီးလျှင် လက်ခလယ်ထောင်ပြလျက် မျက်ခုံးကိုကခပ်စစပင့်ပြသည် ။" ကိုကိုက... သူငယ်ချင်းနဲ့... ရန်ဖြစ်ထားတာလား..."
" အဲ့လို မဟုတ်ဘူး.. ဆိုင်ကို ခဏကြည့်ထားဦး... "
ကလေးပီပီ စူးစမ်းနေသည့် ညီမဖြစ်သူကို ဝန်ကြီးသား၏အကြောင်းကို မသိစေချင်၍ နောက်ဆုံးတော့ သူကပဲ ဝန်ကြီးသားရှေ့သွားရပ်ရသည် ။
" အသဲလေးက ကိုယ့်ကို အခုမှပဲ အဖက်လုပ်တော့တယ်..."
" မင်း!..."
Yeonjunထံမှ သရိုးသရီနာမ်စားကြောင့် Scholarshipမှာ မျက်နှာရဲတက်သွားလျက် တစ်စုံတစ်ယောက် ကြားသွားမည်ကိုစိုးထိတ်စွာ ပတ်ဝန်းကျင်ကိုက မလုံမလဲကြည့်လိုက်သေးသည် ။
" ဒီကနေထ... တစ်နေရာမှာ သွားပြောမယ်..."
" ကိုယ့်ရဲ့အိမ်?... ဒါမှမဟုတ်... Hotel?..."
" တောက်.. မင်း အရှက်မရှိတဲ့ စကားတွေကို ရပ်တန်းကရပ်လိုက်.. Choi Yeonjun... မင်းက ဘယ်သူ့သားဖြစ်ဖြစ်.. ငါဆွဲထိုးမိလိမ့်မယ်..."
" oh... ဘာနဲ့ထိုးမှာလဲ?...."
" မင်း... မင်း... အရှက်လုံးဝမရှိဘူး!..."