Part ~ 33

13.3K 1.2K 103
                                    

zawgyi

Taehyungသည် သူ့မျက်စိရှေ့မှ အနီရောင် ပြိုင်ကားလေးကို အရောင်တောက်သည့် မျက်ဝန်းများနှင့်ကြည့်နေကာ အနီရောင်ရှပ်လေးဝတ်ဆင်ထားလျက် ပုလဲလုံးသီကုံးထားသည့်ဆွဲကြိုးနှစ်ခုကလည်း တစ်လုံးနှစ်လုံးကြယ်သီး ဖြုတ်ထားသည့် ရှပ်အနီကြားထဲမှာလှစ်ဟလာသည် ။

သူ့၏21နှစ်ပြည့်မွေးနေ့အတွက် သူဌေးKimက သူလိုချင်နေသော ပြိုင်ကားကိုလက်ဆောင်ပေးလာခဲ့သည် ။

အား.. သူ စမ်းစီးရဖို့ကိုမစောင့်နိုင်တော့ဘူး ။

" Jung!.. မြန်မြန်လာ...."

Jungkookတို့တိုက်ခန်းရှိရာ အဆောက်အအုံ၏ အရှေ့မျက်နှာစာ ကားပါကင်၌ထိုးဆိုက်ထားသည့် ပြိုင်ကားအနီရောင်ရှေ့မှာ ကြည့်မဝနိုင်ရှုမဝနိုင်နှင့်တသသလုပ်နေသည့် အညိုလေးသည် အခုမှ အဆောက်အအုံထဲကနေထွက်လာသည့် Jungkookကို လက်ဝေ့ယမ်းပြကာမြန်မြန်လာဖို့ရာ အချက်ပြသည် ။

ကားတံခါးပင်ဖွင့်မနေဘဲ အမိုးပွင့်ပြိုင်ကားနီပေါ် လက်ထောက်အားပြုရင်းခုန်တက်လိုက်သည့်အညိုလေးက စိတ်အားတက်ကြွလွန်းနေကာ ကားဟွန်းကိုလည်းသံရှည်ဆွဲ၍တီးလိုက်သေးသည် ။

" ပတ်ဝန်းကျင်ကို နှောင့်ယှက်မှုနဲ့.. အတိုင်ကြားခံချင်နေတာလား.. သခင်လေး..."

" မြန်မြန်သာတက်စမ်းပါ.. Jihoonတို့စောင့်နေလောက်ပြီ.. "

Jungkookကတော့ Hoddieခရမ်းရောင်နှင့် ပေါ့ပေါ့ပါးပါးသာဝတ်ဆင်ထားကာ ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး Taehyung၏ဘေးကခုံမှာဝင်ထိုင်လိုက်သည် ။

" သတ်မှတ်ထားတဲ့ အမြန်နှုန်းထက်ပိုမောင်းလို့မရဘူးနော်.. မဟုတ်ရင်.. ကားသော့သိမ်းမယ်... "

" အားရှ်... ငါ-ိုးပဲ... ဒီနေ့က ငါ့မွေးနေ့လေ.. အဲ့လို ဆီးပြောမှဖြစ်မှာလား... "

" အော... "

Jungkook၏အဖြေကြောင့် အညိုလေးကနှာခေါင်းရှုံ့ရင်း ကားစက်ကိုနိုးသည် ။

" ဒီနှစ်က ပထမဆုံးအဖြစ်.. ငါ့မွေးနေ့ကို အဆောင်ယောင်တွေမပါဘဲ publicမှာ ကျင်းပခွင့်ရတာပဲ...အား... ငါ့ရဲ့လွတ်လပ်မှုလေး!!.."

Bodyguard (Complete)Where stories live. Discover now