Part ~ 13

16.5K 1.4K 61
                                    

zawgyi

စာမေးပွဲတွင်းရောက်ပြီဖြစ်၍ စာကြည့်စားပွဲမှာ ဖင်ကျောက်ချထိုင်နေရသည့် Kim Taehyung ။
သူ စာရပါပြီဆိုလည်း Jungကမရ.. အတင်းကို စာပဲလုပ်ခိုင်းနေတာ..။
Jungကတော့ Taehyungလိုအပ်တာမှန်သမျှကို ဖြည့်ဆည်းပေးရင်း စာလုပ်သည်ကို စောင့်ကြပ်နေသည် ။

အခုလည်း စာလုပ်ရင်းနှင့် အဆာပြေစားရန်အတွက် စတော်ဘယ်ရီထည့်ထားသည့် ပန်းကန်လုံးလေးကို အခန်းထဲယူဆောင်လာသည် ။

" အိပ်ချင်ပြေ ဒါလေးစားပြီး စာဆက်လုပ်..."

" ဟင်းမ်... မင်းက ငါ့Bodyguardလား.. ငါ့အဖေလားဆိုတာတောင် မကွဲတော့ဘူး.. ဖခင်ကြီးကျနေတာပဲ... မဟုတ်သေးဘူး.. မိခင်ကြီးနဲ့ ပိုတူနေတယ်..."

" ဘယ်သူနဲ့တူတူ.. သခင်လေးရဲ့လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးနိုင်တာပဲ.."

Jungkookအပြောကြောင့် အညိုလေးက နှုတ်ခမ်းကိုမဲ့သည် ။

ဉာဏ်ကောင်းပေမယ့် ပေါ့ဆတတ်သည့် အညိုလေး၏အကျင့်ကို သိနေတာကြောင့် စာမေးပွဲတွင်း တင်းကြပ်နေရတာ..။

အချိန်တစ်ခုကြာ စာလုပ်ပြီးသည့်အခါ ညအိပ်ရာဝင်ရန်အတွက် ပြင်ဆင်ပေးလိုက်သည် ။

" သခင်လေး အိပ်ပျော်အောင်လို့.. အမွှေးနံ့သာဖယောင်းတိုင် ထွန်းပေးခဲ့မယ်..."

" အင်း..."

" good night.. ကျွန်တော့်ရဲ့အညိုလေး..."

နဖူးပြေပြေလေးကို နှုတ်ခမ်းသားနှင့် ဖိကပ်ပြီး အိပ်ရာဝင်အနမ်းပေးလိုက်သည့်အခါ ခပ်စစပြုံးလာသည့် အညိုလေး..။

" အင်း... good night.. ငါ့ရဲ့Jung.."

ပျင်းရိဖွယ် ကောင်းလှသည့် စာမေးပွဲတွင်းမှာ Taehyungတစ်ယောက် အပျော်လေးတွေလည်း ရှာမတွေ့ဘဲ စာလေ့လာလိုက် ကျောင်းသွားလိုက်နှင့် သံသရာစက်ကွင်းလည်ပတ်ခဲ့ပြီးနောက် နောက်ဆုံးစာမေးပွဲဖြေဆိုသည့်နေ့ကို ရောက်လာခဲ့သည် ။

" အား.. နောက်ဆုံးတော့.. ဝဋ်ကျွတ်ပြီ..."

စာမေးပွဲခန်းထဲကနေ အသီးသီးထွက်လာကြသည့် Taehyung၊ Yeonjunနှင့် Jihoonက စုံရပ်တစ်ခုတည်းမှာ ဆုံကြသည် ။

Bodyguard (Complete)Where stories live. Discover now