နွေဉီးရောက်ပြီ...
စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သောကျွန်တော်သည် ကျွန်တော့သူငယ်ချင်းနမ်ဂျွန် ရှိသောဘူဆန်မြို့သို့ အလည်အပက်ရောက်ရှိခဲ့သည်။ ပိတ်ရက်မို့လူအသွားအလာများလှသော ဘူဆန်ဘူတာရုံတွင် နမ်ဂျွန်းကိုမနဲရှာနေရသည်။ လက်ဆွဲအိတ်နှစ်လုံးဖြင့်ကျွန်တော်သည် လူကြားထဲတွင် လည်ပင်းကြောထောင်အောင်မျှော်ကြည့်နေပါသော်လည်း ချစ်လှစွာသော ငယ်ပေါင်းကြီးဖော်ကြီးကိုတော့ အခုထက်ထိမတွေ့သေးပါ။
"ဆော့ဂျင်na!!!!! "
နောက်နားဆီမှခေါ်သံကြောင့်လှည့်ကြည့်မိတော့ လူကိုရှာမတွေ့ အသံသာကြားရသည်။
"Yarr!!!ကင်ဆော့ဂျင် ငါဒီမှာ!!!!"
သတင်းစာကိုလက်တစ်ဖက်ဖြင့် ဝှေ့ယမ်းပြနေသော နမ်ဂျွန် ..
ထိုအချိန်မှ ကွန်တော်လည်းသူ့ဆီကို ပြေးသွားလိုက်မိသည်။ အထုတ်တွေက ဘယ်တစ်ဖက် ညာတစ်ဖက်မို့ လူကကို့ယို့ကားယားဖြစ်နေမှာတော့သိသည်။ တစ်ကောင့်သားက ထိုနေရာကမရွေ့ နည်းနည်းပါးပါး လာကူဆွဲပေးမယ် စိတ်မကူးဘူး။ သတင်းစာကြီးကိုင်ပြီး လက်နှစ်ဖက်ဝှေ့ယမ်းပြနေလိုက်တာများ သူ့ကိုသူ မူကြိုကလေးများမှတ်နေလားမသိ။ ကိုယ့်ဘာသာကိုလူကြားကောင်းအောင်သာ အလည်လာတယ်ပြောရတာ။ အမှန်တော့ဒီအကောင်ခေါ်လို့လာရတာ။ ခေါ်တာလည်းအကောင်းမထင်နဲ့ သူခိုင်းစရာရှိလို့ ခေါ်တာ အကူအညီတောင်းရင်တောင်း မဟုတ်ရင်သူ့အလုပ်ကူလုပ်ခိုင်းဖို့ခေါ်တာ။ အခုလည်းကြည့် အထုတ်တွေကိုတော့လာကူမဆွဲပဲ ထိုနေရာမှာပဲလက်ကြီးဝှေ့ပြီးပြုံးပြနေတာ ပါးချိုင့်တွေကိုထင်းလို့။ နေထားဉီး။ တစ်ရက်လောက်သူအိပ်နေတဲ့အချိန်ကျမှ အဲ့ပါးချိုင့်တွေဖနောင့်နဲ့ကိုပေါက်ပစ်ဉီးမယ်။
"ပေး ပေး ဆော့ဂျင် အထုတ်တွေငါသယ်သွားပေးမယ်"
အနားရောက်တော့မှ လက်ထဲကအထုတ်တွေ ဆွဲလုသွားတဲ့အကောင် လူကိုလာပြီးမျက်နှာချိုကသွေးနေလိုက်သေးတယ်။
"ငါ့ကားကဟိုဘက်မှာရပ်ထားတယ် မင်းမောနေသေးလား ခဏနားပြီးမှ သွားကြမလား"
YOU ARE READING
နုနုငယ်ငယ်🍂[Complete]
Fanfictionတူ နှစ် ကိုယ် တဲ အို ပျက် မှာ နေ ရ....... ရွှေ ဘုံ ပေါ် မှာ စံ ရ........ ချစ် တာ ချစ် တာ ပဓာန လို့.... ဆို ချင် ပါ တယ် မောင် ရယ်...... ချစ် တာ ချစ် တာ ပဓာန လို့........ ဆို ချင် ပါ တယ် မောင...