🍂25🍂

568 80 23
                                    

"သားငယ်လေး ကြီးကြီးကိုတံခါးဖွင့်ပေးဉီး
.. သားသားအဝတ်လဲရမယ်လေ.."

တံခါးကိုထုရင်း မည်မျှပင်စိုးရိမ်တကြီးအော်နေပါစေ.. အထဲက သားငယ်လေးက နည်းနည်းမှလာမဖွင့်ပေး..။

မိုးရွာကြီးထဲ တစ်ယောက်တည်းပြန်လာသည့် သားငယ်လေးက ရေစိုဝတ်ကြီးနဲ့ အခန်းထဲဝင်သွားတာ အခုထိပြန်ထွက်မလာ..။ အသံလည်းမကြားရ..။

အကိုကြီး ရိုက်လိုက်လို့များ စိတ်ဆိုးနေသလား..။ ဆရာလေးနဲ့များ တစ်ခုခုဖြစ်လာသလား..။ ဘာမှန်းမသိပေမယ့် ကြီးကြီးစိုးရိမ်မှုက တရိပ်ရိပ်တက်လာသည်။

"သားငယ်ရယ်..တံခါးဖွင့်စမ်းကွယ်..ကြီးကြီးကိုစိတ်ပူအောင် မလုပ်စမ်းနဲ့.."

သားငယ်သည် သူ့အသံကို သေချာပေါက်ကြားနိုင်သည်။ ခေါ်နေသည်မှာ အကြိမ်ပေါင်းမနည်း..။ ဒင်းလေးက အတော်အကြောတင်းသည်။ ကိုယ့်ဘာသာဖွင့်ပြီး ဝင်သွားရင်လည်း ဒင်းလေးက သူ့မဝင်ခိုင်းဘဲ ဝင်လာရကောင်းလားဆိုပြီး စိတ်ဆိုးအုန်းမည်။

"သားသား..ကြီးကြီးကို တံခါးမဖွင့်ပေးရင် ဆရာလေးလာရင် ပြန်တိုင်မှာနော်.."

ဆရာလေးနဲ့အကြပ်ကိုင်လိုက်သည်။ ဒီကလေးလေးကိုနိုင်တာ ဆရာလေးတစ်ယောက်သာရှိတော့သည်။

"ကြီးကြီး.."

"အယ်..ရှင်..ဆရာလေး.."

လှေကားဘေးတွင် မတ်တပ်ရပ်နေသောဆရာလေးသည် မျက်နှာလည်းသိပ်မကောင်း..။ အကိုကြီးသည် မနက်က ရုတ်တရက်ပြန်ရောက်လာပြီး ဆရာလေးနဲ့ သားငယ်လေးနောက်သို့ လိုက်သွားသည်။ ပြီးတော့ ဟိုမှာ ဘာတွေဆက်ဖြစ်ကြသေးလဲ မသိ..။

"ကလေးလေး ဘာဖြစ်လို့လဲ ကြီးကြီး.."

"ဘာမှတော့ဖြစ်မယ်မထင်ပါဘူး..ဒါပေမယ့် ပြန်ရောက်တည်းက ဆရာလေးအခန်းထဲတန်းဝင်သွားတာ အဝတ်တွေလည်းမလဲရသေဘူး..ရေစိုဝတ်ကြီးနဲ့ဆိုတော့ ဖျားမှာပဲစိုးရိမ်တယ်.. နဂိုကလည်း အဲ့ကလေးက မိုးမိတာနဲ့ဖျားတတ်လို့.."

"ကျွန်တော်ဝင်သွားလိုက်ပါ့မယ်..ကြီးကြီးဘာမှမစိုးရိမ်နဲ့နော်.."

"ဟုတ်ကဲ့ပါရှင်..အော် ဒီအဝတ်တွေပါ တစ်ခါတည်း ယူသွားလိုက်ပါဆရာလေး.."

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now