🍂20🍂

606 80 33
                                    

ကလေးလေးခေါ်သည့်အတိုင်း လိုက်ပါလာရာ သစ်သားအိမ်လေးဘေးက အဝါရောင်အပွင့်တွေများပြားစွာ ပွင့်နေသည့် အပင်ကြီးရှေ့သို့ရောက်နေလေပြီ..

" ခူးလေ ကိုကို.."

လက်ကိုချိတ်ထားတဲ့ ကလေးလေးက အားတက်သရောပြောရှာသည်။ သူ့ရှေ့က အပင်ကြီးကို ဆော့ဂျင်မော့ကြည့်မိပြန်သည်။ 

နည်းနည်းနောနောအမြင့်ကြီးမှမဟုတ်ပဲ..တစ်ဖြောင့်တည်းတက်သွားသည့် အပင်ကြီးက သူတစ်ရပ်ကျော်ရုံမက ခန်မှန်းချေ ပေသုံးလေးဆယ်လောက် မြင့်လိမ့်မည်။

ထို့ပြင် အပွင့်တွေက အောက်ခြေမှာမရှိ..။

အပေါ်ပိုင်းမှာ များပြားစွာဖူးပွင့်နေကြသည်။ ဒီလောက်အမြင့်ကြီးကို ဆော့ဂျင်မည်သို့ခူးရမည်နည်း..။

စဉ်းစားရင်း တွေးရင်း အပင်ထိပ်က အပွင့်ဝါဝါတွေကိုသာ မှန်းမျှော်ကြည့်နေရသည်။

ထိုအချိန် ဘေးနားက ကလေးလေး စွက်ကနဲ့ ထွက်သွားသည်။ အပင်ကြီး၏ တဖက်ခြမ်းသို့ လျှောက်သွားခြင်းဖြစ်သည်။ ခဏကြာပြီး ပြန်ထွက်လာတော့ လက်ထဲတွင် ဝါးလုံးရှည်တစ်ခုပါလာသည်။ ဝါး၏ထိပ်ဘက်တွင် နှစ်ခြမ်းခွဲထားပြီး တံချူအဖြစ်အသုံးပြုလို့ရအောင် နှစ်လက်မခန့် သစ်သားပြားလေးကို ညှပ်ထားသေးသည်။ ဆော့ဂျင်လက်ထဲသို့ ဝါးလုံးကို ထိုးပေးရင်း..

"တက်ဖို့ခက်ရင် အပွင့်တွေကို ချူချပစ်လိုက် ကိုကို.."

ကလေးလေးက စိတ်အားထက်သန်စွာပြောသည်။ ကလေးလေးပေးသည့် ဝါးတံချူကို ကိုင်ထားရင်း အပင်ပေါ်ကပန်းဝါဝါလေးတွေကို ထိုးချူရန် ကြိုးစားသည်။

အဆင်မပြေလှ..။

တပွင့်ချင်းဆီ ပွင့်တဲ့ပန်းတွေမို့ တံချူနှင့်ထိုးချလျှင် အကောင်းအတိုင်း ရမှာမဟုတ်ပေ..။
ပင်မြင့်ပေါ်တွင် ပန်းပွင့်လှလှတွေက အခန့်သားတည်ရှိနေသည်။

နောက်ဆုံး နည်းတစ်နည်းသာရှိတော့သည်မို့ ဝါးတံချူကို ဘေးသို့ပစ်ချလိုက်သည်။

ဝတ်ထားတဲ့ ဘောင်းဘီရှည်ကို အနည်းငယ်လိပ်တင်လိုက်ပြီး အပင်ပေါ်စ,တက်ရန် ပြင်လေသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now