ထိုနေ့ညက ညစာစားပြီးနောက် အန်ကယ်က ထုံးစံအတိုင်းပင် စောစောစီးစီးအိပ်ယာဝင်ခဲ့သည်။
ဆော့ဂျင်ကတော့ ထမင်းစားပြီး အိမ်အပြင်ထွက်ကာ လေညင်းခံဖြစ်သည်။
ဝါကျင့်ကျင့်မီးလုံးလေး တစ်လုံးစ နှစ်လုံးစထွန်းထားသော အိမ်ကြီးသည် ညအလှရဲ့ထည်ဝါမှုထက် ထိတ်လန့်စရာအသွင်သဏ္ဍာန်ကိုဆောင်နေသည်။
အုတ်တံတိုင်းနီကြီးနောက်က သစ်ပင်မြင့်ကြီးတွေ ဝန်းရံထားတဲ့ ရှေးဆန်သောနှစ်ထပ်အိမ်အိုကြီးသည် ကျွန်းသစ်ကိုအဓိကထား ဆောက်လုပ်ထားသည်။
တိမ်တွေကြားမှ လခြမ်းကွေးလေး၏ မစို့မပို့အလင်းရောင်လေးသည် ခြံဝန်းကြီးတစ်ခုလုံးပေါ်မှိန်ပျပျလေး ဖြာကျနေသည်။
ညအချိန်ပေမို့ ပုဇဉ်းရင်ကွဲကောင်လေးများ၏ ညံစီစီအော်မြည်သံတွေကလည်း ခြံထောင့်မှ မြက်ရိုင်းပင်တွေစီကနေ တစာစာထွက်ပေါ်နေသည်။
တခြားနေရာများနှင့်မတူ... ထိုတစ်နေရာထဲတွင် မြက်ရိုင်းပင်များ အစုလိုက်အပြုံလိုက် ပေါက်နေသည်။ တမင် မရှင်းဘဲထားခြင်းလားတော့မပြောတတ်ပေ။
ထိုအချိန် တိုက်ခတ်လာသော ညလေတဖြူးဖြူးကြောင့် ဆောဂျင်စိတ်ထဲ အေးမြခြင်း လန်းဆန်းခြင်းတို့ ပြန်လည်ဝင်ရောက်လာသည်။ အပင်မြင့်ကြီးများမှ သစ်ရွက်များကြား လေတိုးသံ တရှဲရှဲကိုကြားနေရသည်။
မြေနီလမ်းပေါ်သို့ ကြွေကျသွားသော အကြွေပန်းနီနီများသည် လေယူရာအတိုင်း အတုန်းအရုန်း..။
အုတ်တံတိုင်းနှင့်ကပ်လျက် စက္ကူပန်းရောင်စုံတို့သည်လည်း လေနုအေးကြောင့် ယိမ်းနွှဲ့နေကြသည်။ ဆော့ဂျင်ရှိရာနေရာနှင့် ခြံစပ်က စက္ကူပန်းတွေရှိရာနေရာသည် အနည်းငယ်လှမ်းသည်။
အစုလိုက်ပွင့်လန်းနေကြသည့် စက္ကူပန်းတို့သည် ညခင်းဆည်းဆာအောက် လွန်စွာတင့်တယ်လှသည်။
ဆော့ဂျင်စိတ်ထဲ ထိုပန်းတွေကို ထိကိုင်ချင်သည်။ သိမ်းကြုံးပွေ့ပိုက်ကာ မျက်နှာအပ်လို့ နမ်းရှိုက်ပစ်ချင်သည်။ မမွှေးမှန်းသိပေမယ်လို့ ထိုပန်းလေးတွေရဲ့ နူးညံတဲ့အထိအတွေ့လေးကို တမ်းတမ်းတတခံစားကြည့်ချင်သည်။
YOU ARE READING
နုနုငယ်ငယ်🍂[Complete]
Fanfictionတူ နှစ် ကိုယ် တဲ အို ပျက် မှာ နေ ရ....... ရွှေ ဘုံ ပေါ် မှာ စံ ရ........ ချစ် တာ ချစ် တာ ပဓာန လို့.... ဆို ချင် ပါ တယ် မောင် ရယ်...... ချစ် တာ ချစ် တာ ပဓာန လို့........ ဆို ချင် ပါ တယ် မောင...