🍂9🍂

697 84 24
                                    

ဒေါက်.. ဒေါက်...

အပြင်ကတံခါးခေါက်သံကြောင့် အိပ်ယာသိမ်းနေသည့် ဆော့ဂျင်မှာ တံခါးကိုဖွင့်ပေးလိုက်သည်။

"အော် ကြီးတော်.."

တံခါးအပြင်ဘက်က ကြီးတော်က ဖြူဖြူဖွေးဖွေးမျက်နှာကြီးကို ချိုသာစွာပြုံးရင်း..

"ဆရာလေး ဝေယာဝေစ္စပြီးရင် အောက်ထပ်မှာ မနက်စာစားလို့ရပါပြီ.."

"အာ ဟုတ်ကဲ့ ကျွန်တော်ကပြီးပါပြီ..ဟို.."

ကြီးတော်ကို ပြောရင်း မျက်နှာသစ်နေမည့် ကလေးလေးရှိရာ ရေချိုးခန်းဘက်သို့ လှည့်ကြည့်မိလိုက်သည်။

"သားငယ်လေးက မပြီးသေးလို့လား.."

အလိုက်သိစွာပြောလာသော ကြီးတော်နှင်းအားခေါင်းငြိမ့်ပြရင်း..

"ဟုတ်တယ်ကြီးတော်..ကလေးလေး မပြီးသေးလို့.."

"ကျွန်မကြည့်လိုက်ပါ့မယ်..ဆရာလေး အရင်ဆင်းနှင့်လိုက်ပါ.."

ကြီးတော်နှင်းအပြောကို ဆော့ဂျင်က ခေါင်းငြိမ့်လက်ခံရင်း..

"ဒါဆို ကျွန်တော်ဆင်းနှင့်လိုက်ပါ့မယ်ခဗျာ့.."
.
.
.

ထမင်းစားခန်းထဲရောက်တော့ ကျွန်းသစ်ရောင်လက်လက်တောက်နေတဲ့ ထမင်းစားပွဲရှည်ကြီး၏ထိပ်၌ ထိုင်နေသော အန်ကယ်ဂျွန်ကိုတွေ့ရသည်။ နဂိုထပ်ပိုမို သပ်ရပ်စွာဝတ်စားထားသည့် အန်ကယ်ဂျွန်က ဆော့ဂျင်မြင်နေကျအဝတ်အစားပုံစံနှင့် အနည်းငယ်ကွဲထွက်နေသည်။

"အော..ထိုင်ပါဆရာလေး.."

ဆော့ဂျင်နေရာတွင်ဝင်ထိုင်ပြီးနောက်..

"မိနှင်း ကိုခေါ်ခိုင်းရတာ ဆရာလေးကို အားနာမိပါတယ်..ကျွန်တော်ဒီနေ့ အလုပ်ကိစ္စသွားဖို့ရှိတော့ ဆရာလေးကို မှာစရာရှိတာတွေ မှာခဲ့မလို့ပါ.."

ဒါကြောင့် အန်ကယ်ဂျွန်က သပ်သပ်ရပ်ရပ်ဝတ်စားထားမှန်း ဆော့ဂျင်အခုမှသဘောပေါက်တော့သည်။

"ဟုတ်ကဲ့ ပြောပါ အန်ကယ်.."

"အထွေအထူးရယ်တော့မဟုတ်ပါဘူး ဆရာ..ကျွန်တော်မြေရှင်တွေနဲ့သွားတွေဖို့ရာ အဲ့တာ မနက်ဖြန်လောက်မှ အိမ်ပြန်ရောက်ဖြစ်မယ်..နောက်ပြီး အိမ်မှာက မောင်စောနဲ့ မိနှင်းပဲ ကျန်ခဲ့မှာဆိုတော့ အိမ်ကိုလည်း စောင့်ရှောက်ပေးဖို့..နောက် ဟိုကလေးကိုလည်း ဂရုစိုက်ပေးပါဉီးခဗျာ.."

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now