🍂23🍂

554 68 33
                                    

ဒီနေ့ ထူးထူးခြားခြားမိုးအုံနေသည်။ ဒီအိမ်ကြီးထဲ ဆက်သွယ်ရေးပစ္စည်းဆိုလို့ ဧည့်ခန်းထဲက ဖုန်းအညိုကြီးရယ်..မဖွင့်တာကြာလို့ ဖုန်တက်နေသည့် ရေဒီယိုတစ်လုံးရယ်သာရှိသည်။ မိုးအုံ့နေပေမယ့် မဲမှောင်နေတာမျိုးတော့မဟုတ် ကောင်းကင်ပြင်မှာ တိမ်ထူနေခြင်းလောက်ပင်ဖြစ်သည်။

"ညက ဆရာလေးတို့ဘယ်အချိန်အိပ်ကြလဲဟင်.."

"ဘာဖြစ်လို့လဲကြီးကြီး.."

"အော် ညက ဆရာလေးနဲ့သားသားငယ်တို့ အိမ်အပြင် ထွက်ထိုင်ကြသေးတယ်မလား..အဲ့တာ ဘယ်အချိန်လောက် အိမ်ထဲပြန်ဝင်ကြလဲလို့.."

ကြီးကြီးက မနက်စာအတွက် ပြင်ဆင်ရင်း ဘာမှမထူးဆန်းသလိုမေးသည်။

"ကြီးကြီးက ကျွန်တော်တို့အပြင်ထွက်ထိုင်တာကို သိတယ်လား.."

ဆော့ဂျင်၏ အမေးကို ကြီးကြီးက ခက်ပြုံးပြုံးပင်ဖြေသည်။..

"သိတာပေါ့တော်..သားငယ်လေးနဲ့ ဆရာလေးအခြေအနေကိုလည်း သိတယ်..စိတ်မပူပါနဲ့ဆရာလေး..ကြီးကြီးဘာမှမကန့်ကွက်ပါဘူး..ဒါပေမယ့်ကွယ်.."

ကြီးကြီးဟာ စကားကိုရှေ့မဆက်ဘဲ တစ်ခုခုကိုတွေးတောနေသလိုပုံစံနဲ့ ရပ်ဆိုင်းသွားသည်။

"ဆက်ပြောပါကြီးကြီး.."

ဆော့ဂျင်စကားထောက်ပေးတော့ ကြီးကြီးက သက်ပြင်းရှိုက်သည်။ ကြီးကြီးက ဆော့ဂျင်ကို သေချာအကဲခတ်ကြည့်ရင်း ခေါင်းကိုခါယမ်းပြန်သည်။ ကြီးကြီးဘာကို တွေးပူနေသလဲ ဆော့ဂျင်မသိပေမယ့် သူတွေးမိနေတာတစ်ခုတော့ရှိသည်။

"အန်ကယ်ဂျွန်သိသွားမှာကို စိတ်ပူနေတာလားကြီးကြီး.."

ကြီးကြီးမျက်နှာက သိသိသာသာလေးလံထိုင်းမှိုင်းသွားသည်။

ထို့နောက် ဆော့ဂျင်မျက်နှာကိုတည့်တည့်ကြည့်ရင်း..

"စိုးရိမ်တာထက် ကြီးကြီးစိတ်ပူတယ်..သားတို့နှစ်ယောက်အခြေအနေကို အကိုကြီးသိသွားတာနဲ့ ပြဿနာအကြီးကြီးကိုတက်မှာ..အကိုကြီးက သားတို့ကို လုံးဝလက်ခံနိုင်မယ်မထင်ဘူး.. သား ဆော့ဂျင်ရယ်..ကြီးကြီး ပွင့်ပွင့်လင်းလင်းပဲပြောချင်တယ်..သားလက်လျှော့လိုက်ပါလားကွယ်..သားငယ်လေးနဲ့အခြေအနေကို ဒီမှာတင်ရပ်ပြီး အရင်အတိုင်းပဲ ဆက်ပြီးနေပါလား.."

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now