အချိန်အားဖြင့် မနက်သုံးနာရီစွန်းစွန်း..
လည်ချောင်းတစ်လျှောက် ပူလောင်ခြောက်သွေ့မှုနှင့်အတူ ဆော့ဂျင်နိုးလာခဲ့သည်။ အိမ်မက်ထဲမှာ သဲကန္တာရထဲ လမ်းပျောက်နေတဲ့သူက အပြင်မှာလည်း ရေအလွန်ဆာနေခဲ့သည်။
ဘေးကနှစ်ခြိုက်စွာ အိပ်မောကျနေသည့် ကလေးလေးကြောင့် ဆော့ဂျင်စောင်ကိုအသာလှပ်၍ ဘေးစားပွဲပေါ်က ရေဘူးကိုလှမ်းယူလိုက်သည်။
သို့သော် ပေါ့ရွှတ်နေသည့် ရေဘူးကြောင့် ဆော့ဂျင်အိပ်ချင်မူးတူးဖြင့် စိတ်ဓာတ်ကျသွားသည်။ အောက်ထပ်ဆင်းပြီး ရေခက်ဖို့ရာ အိပ်ယာပေါ်ကထရင်း တံခါးကို ဖြည်းဖြည်းချင်းဆွဲဖွင့်လိုက်သည်။ ပြီးနောက် စေ့ရုံပြန်ပိတ်၍ အခန်းထဲမှ ထွက်ခဲ့လေသည်။
လှေကားမှဆင်းလာရင်း အောက်ထပ်ဧည့်ခန်းဆီမှ စကားသံတွေကြားနေရသည်။ သို့သော်ဘာတွေပြောနေမှန်းဆော့ဂျင်နားမလည်။
သူကြားနေရသည့် အသံဟာ ကိုရီးယားလိုပြောနေခြင်းမဟုတ်ပေ။ လှေကားမှတစ်ဆင့် အောက်ထပ်ကိုငုံကြည့်လိုက်တော့ ကြိုးဖုန်းနှင့်စကားပြောနေသော ဉီးလေးစော.. ။
လေသံတိုးတိုးနှင့် ပြောနေသော်လည်း တိတ်ဆိတ်သည့်ညအချိန်မို့ အသံကိုပီပြင်စွာ ကြားနေရသည်။ ဘာတွေပြောမှန်း နားမလည်တာလေးတစ်ခုပဲ..။ ဒီအချိန်ကြီး ဘယ်သူနဲ့များပြောနေပါလိမ့်..။ ဆော့ဂျင်တွေးမိပေမယ့် အဖြေကထွက်မလာ။
"သိပါပြီ အကိုကြီးဂျွန်.."
နားထောင်နေရင်း 'ဂျွန်'ဆိုသည့် အသံကြားလိုက်တော့ ဆော့ဂျင်မျက်မှောင်ကျုံ့သွားသည်။
ဒါဆိုအခုပြောနေတာ အန်ကယ်ဂျွန်များလား..
ဆော့ဂျင်ခြေလှမ်းများကို ရပ်တန့်၍ ဉီးလေးစော ဖုန်းပြောနေသည်ကို လှေကားထိပ်မှ ရပ်ကြည့်နေလေသည်။
ဉီးလေးစောပြောနေပုံမှာ အကြောင်းအရာတစ်ခုခုအတွက် အမိန့်ပေးခြင်းခံနေရသလိုလို..။ တစ်ရိုတစ်သေနဲ့ ပြန်လည်ဖြေကြားနေဟန်ကိုလည်းတွေ့ရသည်။
ဒါပေမယ့် ပြောနေဟန်မှာ ခက်ကျိတ်ကျိတ်.. ။ မသိရင် တစ်ယောက်ယောက်ကြားသိသွားမှာကို စိုးရိမ်နေသလိုပုံစံမျိုး..။
YOU ARE READING
နုနုငယ်ငယ်🍂[Complete]
Fanficတူ နှစ် ကိုယ် တဲ အို ပျက် မှာ နေ ရ....... ရွှေ ဘုံ ပေါ် မှာ စံ ရ........ ချစ် တာ ချစ် တာ ပဓာန လို့.... ဆို ချင် ပါ တယ် မောင် ရယ်...... ချစ် တာ ချစ် တာ ပဓာန လို့........ ဆို ချင် ပါ တယ် မောင...