🍂10🍂

685 77 13
                                    

အိမ်ရှေ့က ခြံတံခါးနားတွင် သစ်ပင်စိုက်ရန်မြေဆွနေသော ဉီးလေးစောနှင့် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော ကြီးတော်နှင်းအလစ်ကိုချောင်း၍ အိမ်တော်မှထွက်သည်။ ထို့နောက် အိမ်တော်ဘေးမှ အပင်အုပ်အုပ်များကိုကွယ်ပြီး ဝါးရုံတောရှိရာ အိမ်တော်နောက်ဘက်သို့ တစ်ရှိန်ထိုးပြေးလေသည်။ ချွေးစေးတွေထွက်နေသော လက်ကလေးများကလည်း ဆော့ဂျင်လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်။

တစ်ကိုယ်သွားစာ မြေလမ်းနီနီထက် နှစ်ယောက်သား ပြေးလွှားသွားသည့် အရှိန်ကြောင့် ဖုန်ခိုးများက ခြေချင်းဝတ်အကျော်လောက်အထိ ထနေလေသည်။

အစုလိုက်ပေါက်နေသော ဝါးပင်များက နေရောင်ပင်မထိုးနိုင်လောက်အောင် ထူထပ်အုပ်မှိုင်းလှသည်။ ဝါးရွက်ကြွေတွေက မြေလမ်းနီတစ်ဖက်တစ်ချက်စီတွင် ခက်ပါးပါးရှိနေသည်။

ရှေ့ကနေပြေးသွားသည့် ကလေးလေးမှာ မောရကောင်းမှန်းမသိ..အရှိန်ကိုလည်းနည်းနည်းလေးမှမလျှော့..ပြေးလွှားလိုက်တိုင်း နောက်ဘက်သို့ ဘယ်ညာယိမ်းခါသွားသည့် ဆံပင်ကောက်ကောက်လေးတွေက ကပိုကရို။

ပြေးနေရင်းမှဖြည်းဖြည်းချင်း အရှိန်လျော့သွားသည့်ကလေးလေးကြောင့် ဆော့ဂျင်ခြေထောက်တွေကပါ အလိုလိုနှေးသွားသည်။

"လာ ကိုကို.."

ဆော့ဂျင်လက်ကို ဆုပ်ကိုင်ရင်း အရင်တစ်ခေါက်လာတုန်းကထိုင်ခဲ့ဖူးသည့် ဝါးရုံပင်ကြီးအောက်သို့ဆွဲခေါ်လေသည်။ မလာတာကြာပြီမို့ ဝါးရုံပင်အောက်တွင် ဝါးရွက်ကြွေများနေရာယူထားသည်။ ကလေးလေးက ထိုဝါးရွက်ကြွေအပေါ်မှာပင် တင်ပလွေခွေကာ ထိုင်ချလိုက်သည်။ ဆော့ဂျင်လည်းကလေးလေးဘေး ကပ်ထိုင်ရင်း..

"ဟူး..မောလိုက်တာ.."

ဆောဂျင်က ပါးစပ်ထဲမှလေကိုရှိုက်ထုတ်ရင်းပြောတော့ တခစ်ခစ်ရယ်သံလေးက ဘေးဆီမှထွက်ပေါ်လာသည်။

ကလေးလေးက ကျွန်တော့်ကိုကြည့်ရင်း ကြိတ်ရယ်နေတာကိုး..သူလေးက မမောသည့်အတိုင်း..မျက်နှာထားလေးက ကျွန်တော်ကိုလှောင်နေသယောင်..

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now