🍂4🍂

877 117 31
                                    

မနက်ဆို စောစောအိပ်ယာထတတ်တဲ့ ကျွန်တော်က ပုံမှန်ဆို တစ်ကိုယ်ရည် ဝေယျာဝစ္စတွေလုပ်ပြီးတာနဲ့ ဆေးရုံကိုတန်းသွားနေကျ..

အခုတော့ ကလေးလေးကို စောင့်ကြပ်ကြည့်ရှုဖို့ကလွဲရင် အထွေအထူးလုပ်စရာရယ်လို့ မရှိဘူးလေ..

စောင်တွေကို သပ်သပ်ရပ်ရပ်ခေါက်ပြီးသည်နှင့် ကိုယ်လက်သန့်စင် ရေချိုးဖို့ရာအတွက် ရေချိုးခန်းဘက်သို့ဉီးတည်လာခဲ့သည်။

အားလုံးပြီးစီးလို့ ပြန်ထွက်လာတော့ မနက် ခြောက်နာရီခွဲ..

အင်္ကျီအဝတ်အစားလဲပြီး ခြံထဲသို့လှမ်းကြည့်လိုက်တော့ ဉီးလေးစောက ခြံထဲတွင် တံမြက်စီးလှဲနေသည်။

ဒေါက်..ဒေါက်..

"ဆရာလေး နိုးပြီလားရှင့်.."

အပြင်က တံခါးခေါက်သံနှင့်အတူ ကြီးတော်နှင်းရဲ့အသံကိုပါ ကြားလိုက်ရသည်။

"ဟုတ်ကဲ့ နိုးပါပြီခဗျ.."

ပြောရင်း ဆော့ဂျင် တံခါးဖွင့်ပေးလိုက်သည်။

မနက်စောစောမြင်ရသည့် ကြီးတော်နှင်း၏မျက်နှာတွင် ဘာတွေလူးထားမှန်းမသိ..

မျက်နှာတစ်ပြင်လုံးဖွေးဖွေးဖြူနေသည်။

"အော်..တော်သေးတာပေါ့..ဆရာလေးနိုးနေလို့..အကိုကြီးက မနက်စာစားဖို့ ဆရာလေးကိုခေါ်ခိုင်းလိုက်တယ်.."

"ဟုတ်ကဲ့ခဗျ..ကျွန်တော်အခုလာခဲ့ပါ့မယ်.."

ကြီးတော်နှင်း၏နောက်မှ ဆော့ဂျင်လိုက်သွားတော့ ထမင်းစားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသော အန်ကယ်ဂျွန်..

ပြီးတော့ ဘေးနားမှာလဲ အရက်ပုလင်းကြီးနဲ့..

"ဆရာလေး လာပြီလား..ထိုင်ပါ.."

သူ့နဘေးက ခုံလွတ်တစ်ခုတွင် ဆော့ဂျင်ကို ထိုင်စေသည်။

ထမင်းစားပွဲတွင် ခင်းကျင်းထားသည့် ဟင်းပွဲတွေမှာလည်း စုံလင်လှပါသည်။

"ကိုင်း..ဆရာလေး.. ကြိုက်တာသာထည့်စား..မိနှင်း.. ဆရာလေးလိုတာလုပ်ပေးလိုက်.."

"ဟုတ်ကဲ့ အကိုကြီး.."

ကြီးတော်နှင်းကို ပြောပြီးသည်နှင့် အန်ကယ်ဂျွန်က သူ့ဘေးက  အရက်ပုလင်းကိုကောက်ကိုင်သည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now