🍂8🍂

818 98 21
                                    

"အရင်ဆုံး.. စပြီးပုံဆွဲတော့မယ်ဆိုရင် လွယ်ကူတဲ့ပုံမျိုးကို ဆွဲရတယ်ကလေးလေးရဲ့..အခုကလေးလေးက ကိုကို့ပုံကိုဆွဲချင်တယ်မလား..ဒါပေမယ့် ကလေးလေးက မဆွဲတတ်တော့ ကိုကို့ပုံနဲ့မတူတော့ဘူးလေ..ဒါကြောင့် အခြေခံအနေနဲ့ ပုံဆွဲစမယ်ဆိုရင် ပန်းပွင့်ပုံလေးတွေ၊ လိပ်ပြာပုံလေးတွေ ၊ တိရိစ္ဆာန်ပုံလေးတွေကို ဆွဲရမယ်.."

ဆော့ဂျင်က ပြောရင်း ကလေးလေးစာအုပ်ထဲသို့ ပုံလေးတစ်ပုံ ချဆွဲလိုက်သည်။

"ကဲ ဒီမှာဆို ပန်းပွင့်ပုံလေးဖြစ်သွားပြီ.."

စာအုပ်လေးကို ကလေးလေးရှေ့သို့ချပေးလိုက်တော့ အိပ်ငိုက်နေတဲ့ မျက်လုံးလေးတွေက စိတ်ဝင်စားဟန်အနည်းငယ် ပြူးကျယ်လာသည်။

"ကလေးလေးရော ဒီလိုပုံလေးမဆွဲချင်ဘူးလား.."

ဆော့ဂျင်ဆွဲထားသည့် ပုံလေးကို တစိုက်မတ်မတ်ကြည့်နေသည့် ကလေးလေးက နှုတ်ခမ်းစွန်းလေးကော့တက်ရုံပြုံးသည်။

ထိုနောက် ခေါင်းလေးမော့ကာ ဆော့ဂျင်ကိုကြည့်၍ ခေါင်းလေးကိုညိမ့်ပြသည်။

"ဟုတ်ပြီ..ဒါဆို ကိုကိုသင်ပေးမယ်.."

ပြောပြီးနောက် ကလေးလေးထိုင်နေသည့်နောက်က ကျွန်းထိုင်ခုံကြီးပေါ်သို့ ဝင်ထိုင်လိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ကို ရှေ့သို့အနည်းငယ်ကုန်းလိုက်တော့ ကလေးလေးခေါင်းလေးပေါ် ကျွန်တော်မေးစေ့က ထပ်လျက်သား ဖြစ်သွားသည်။

ဒါကြောင့် ကျွန်တော့ခေါင်းကို ဘေးသို့ အနည်းငယ်စောင်းရင်း ခဲတံကိုင်ထားသည့်ကလေးလေးလက်လေးပေါ် ကျွန်တော်လက်ဖြင့်ထပ်ကိုင်၍ ပုံဆွဲစာရွက်ပေါ် နေရာယူလိုက်သည်။

"အရင်ဆုံး အဝိုင်းသေးသေးလေးတစ်ခု ဝိုင်းမယ်.."

ပါးစပ်ကရေရွတ်ရင်း စာရွက်ပေါ်ချရေးလိုက်သည်။

"ပြီးရင် အဝိုင်းလေးဘေးကနေ ဒီလိုလေးဝိုက်လိုက်မယ်.."

ပြောလည်းပြော လက်ကလည်းအလိုက်သင့်လေး ဝိုက်ချလိုက်သည်။

"အဲ့ဒီအဝိုက်လေးဘေးကနေ နောက်တစ်ဝိုက်ထပ်ဝိုက်လိုက်မယ်..ဟုတ်ပြီနော်..ပြီးရင် နောက်တစ်ဝိုက်ထပ်ဝိုက်ရမယ်.."

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now