🍂19🍂

535 76 19
                                    

ဆော့ဂျင်ရဲ့မတင်မကျစိတ်သည် ပြီးခဲ့တဲ့နှစ်ရက်ကထက် ပိုမိုဆိုးရွားလာခဲ့သည်။ ထိုနှစ်ရက်လုံးလုံး ကလေးလေးက သူ့ဆီလာမအိပ်..။ ယုတ်ဆွအဆုံး အခန်းထဲက အခန်းပြင်တောင် မထွက်ပေ..။

ကြီးကြီးကိုမေးကြည့်တော့ ကလေးလေးနေသိပ်မကောင်းဘူးလို့သာပြောသည်။ အမေးတစ်ခွန်း အဖြေတစ်ခွန်းသာဖြေနေ၍ ဆော့ဂျင်ပိုပြီး အောင့်သက်သက်ဖြစ်ရသည်။

'တောက်..ငါက ဆရာဝန်လေ..ကလေးလေးနေမကောင်းရင် ငါဆေးကုပေးမယ်လေ..ကလေးအဖျားတတ်ရင် ငါစောင့်ရှောက်ပေးရမှာလေ..အခု ငါ့ကိုဘာလို့ ပေးမတွေ့တာလဲ..ဘာလို့ ငါ့ကိုအကူအညီမတောင်းတာလဲ..'

စိတ်ထဲတွင် အကြိမ်ကြိမ်ပေါက်ကွဲနေသည်။ မချင့်မရဲစိတ်ကြောင့် ကိုင်ထားသော သတင်းစာအနားစွန်းတို့ပင် တွန့်ကြေကုန်သည်။ လှန်ထားသည့် သတင်းစာမျက်နှာပေါ်က ခိုးဆိုးလုနှိုက်သတင်းသည်ပင် ဆော့ဂျင်အကြည့်စူးစူးအောက် မျက်နှာငယ်ရသည့် အနေအထားတွင်ရှိသည်။

'ငါမေးတဲ့အကြောင်းကို မဖြေချင်လို့ရှောင်နေကြတာလား..'

သတင်းစာကြီးကွယ်၍ မျက်မှောင်ကျုံ့ကာ တွေးနေသော ဆော့ဂျင်သည် အံကိုတင်းတင်းကျိတ်ထားသေးသည်။

'ဟုတ်တယ် ဒီတိုင်း ဘာသိဘာသာနေ,နေလို့မရတော့ဘူး..ထိပ်တိုက်တွေ့ပြီး မေးမှကိုဖြစ်တော့မယ်..'

အတွေးနဲ့အတူ ကုလားထိုင်မှထလိုက်သည်။ သတင်းစာကို စားပွဲပေါ်တင်ပြီးနောက် ခက်တောင့်တောင့် ခန္ဓာကိုယ်ဖြင့် လူရှိန်ချင်စရာ ခြေလှမ်းကျယ်များကို လှမ်းရင်း ကျွန်းလှေကားကြီးပေါ်တစ်လှမ်းချင်းတက်လာခဲ့သည်။

ကလေးလေးအခန်းရှေ့ရောက်တော့ တံခါးကိုအရင်ခေါက်သည်။ အထဲက ဘာသံမှမကြားရ..။

နောက်တစ်ချက်ထပ်ခေါက်သည်။ အခြေအနေမထူးခြားတာမို့ တံခါးကို ဖွင့်လိုက်တော့ လူမရှိသည့် အခန်းငယ်က ကြိုဆိုနေသည်။

အခန်းထဲဝင်ပြီး သေချာနှံ့နှံ့စပ်စပ် ရှာကြည့်ပြန်တော့ ဖရိုဖရဲအိပ်ယာခင်း စောင်နဲ့ ဟိုနေ့ကအတိုင်း တွေ့ခဲ့ရသည့် အရာများကသာ ဆီးကြိုနေသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now