🍂7🍂

776 111 31
                                    

ကျွီ...

တံခါးကိုတွန်းဖွင့်သံနှင့်အတူ ခြေကိုဖွဖွလေးနင်း၍ အခန်းထဲဝင်လာသူက ကလေးလေး..

တံခါးဘေးတွင် မတ်တပ်လေးရပ်ရင်း လက်ထဲတွင်လည်း ခေါင်းအုံးလေးတစ်လုံးပိုက်ထားပြီးညဝတ်အင်္ကျီဘောင်းဘီ အဖြူရောင်ဝမ်းစက်လေးနဲ့ကလေးလေးမှာ ဆော့ဂျင်ကိုလည်းမကြည့် ခေါင်းလေးကိုသာငုံမြဲငုံ့ထားသည်။

မဝံ့မရဲဖြစ်နေဟန်တူသည့် ကလေးလေးကြောင့်
ကုတင်ပေါ်ခြေထောက်ဆင်း၍ နောက်မှီကိုခပ်လျှောလျှောမှီကာ စာဖတ်နေသူ ဆော့ဂျင်သည် စာအုပ်ကို ဘေးသို့ချ၍ ကလေးလေးကိုသွားခေါ်ရန် ကုတင်ပေါ်မှ ထလိုက်သည်။

"လာလေ ကလေး.."

အနည်းငယ်ဟနေသော တံခါးကို သေချာပြန်ပိတ်ရင်း ကလေးလေးလက်ထဲက ခေါင်းအုံးလေးကိုယူ၍ လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း အိပ်ယာနားသို့ခေါ်လာခဲ့သည်။

ထပ်မံ၍ အိပ်ယာနားသို့ရောက်သောအခါတွင် ကျောက်ရုပ်လေးအတိုင်း မလှုပ်မယှက်ရပ်နေပြန်သော ကလေးလေး..

"ကလေးလေးက မအိပ်ချင်သေးလို့လား.."

မေးလိုက်တော့ ကလေးလေးက ခေါင်းလေးခါပြသည်။

"ဒါဆို အခုအိပ်ချင်နေပြီပေါ့.."

ကလေးလေးက ဆော့ဂျင်ကို တစ်ချက်မျှမကြည့်ဘဲ ခေါင်းသာခါပြပြန်သည်။

ဆော့ဂျင်မှာ ဘာမေးမေးခေါင်းပဲခါနေသော ကလေးလေးကြောင့် ဘာမေးလို့မေးရမှန်းမသိဖြစ်သွားသည်။

ထို့နောက် လက်လေးတစ်ဖက်ကိုဆုပ်ကိုင်၍

"ကလေးလေး ကိုကို့ကိုကြည့်ပါဉီး.."

ကလေးလေးကမကြည့်..ကြမ်းပြင်ကိုသာ ခေါင်းငိုက်စိုက်ထားသည်။

"မှန်း..နေမကောင်းဘူးလား.."

နဖူးပြင်လေးကို လက်ဖမိုးတင်၍ နေကောင်းမကောင်းစမ်းလိုက်တော့ အေးစက်စက်အထိအတွေ့နှင့်အတူ လက်ပေါ်ကပ်ကျန်ခဲ့သော ချွေးစလေးတွေ..

ဒီတော့မှ ငုံ့ထားသည့် မျက်နှာလေးကို သေချာကြည့်လိုက်မိတော့ နှာခေါင်းထိပ်တွင် အနည်းငယ်သီးနေသော ချွေးစက်လေးတွေ..

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now