🍂17🍂

490 79 26
                                    

"လုပ်ပါဉီး ဆရာလေးရယ်..သားငယ်လေးပျောက်နေတယ်.."

"ဗျာ..."

လှေကားထစ်တွေပေါ်က စိုးရိမ်တကြီးဆင်းလာတဲ့ ကြီးတော်..

မီးဖိုခန်းထဲက မနက်စာကူပြင်နေတဲ့ ဆော့ဂျင်မှာ လက်သုတ်ဝတ်ကို စားပွဲပေါ်ပစ်ချရင်း..

"ကလေးလေးကို အခန်းထဲမှာ မတွေ့ခဲ့ဘူးလား.."

ထိုအခါ ကြီးတော်က ခေါင်းကိုခါယမ်းရင်း စိတ်ပူနေသော အသံနှင့်..

"မရှိဘူးဆရာလေး..သားငယ်အခန်းထဲရော ဆရာလေးအခန်းထဲရော ရှာပြီးပြီ..ဒုက္ခပါပဲကွယ်..ဒီကလေးလေး ဘယ်ပျောက်ပြန်ပြီလဲမသိပါဘူး.."

တုန်ယင်နေသော ကြီးတော်အသံတွင် ငိုသံတစ်ချို့ပါ ကပ်ပါလာသည်။

ဆော့ဂျင်သည်လည်း ကြီးတော်စကားကြောင့် အပေါ်ထပ်ကို လျင်မြန်စွာတက်သွားလေသည်။

ဟုတ်ပါသည်..

ကြီးတော်ပြောသည့်အတိုင်း ကျွန်တော့်အခန်းထဲမှာရော ဘေးက ကလေးလေးအခန်းထဲမှာရော လူရိပ်လူခြေမတွေ့ရ..

ဒီကလေးလေး ဘယ်များသွားပြန်ပြီလဲ..

ဆော့ဂျင်စဉ်းစားရင်း နောက်ဆုံးသတိရသွားသည်က ဝါးရုံတော..

ဟုတ်တယ်..အဲ့ဒီဝါးရုံတောကို သွားတာပဲဖြစ်မယ်..

သူ့အတွေးနဲ့သူ အောက်ထပ်ဆင်းရန်ပြင်တော့ ဘေးကကြီးတော်က ပြူးကျယ်သောမျက်လုံးများနှင့်

"ဘယ်..ဘယ်သွားမလို့လဲ ဆရာလေး.."

ကြီးတော်က ရင်ဘက်ကိုဖိကာ အတော်စိတ်ပူနေပုံရသည်။

"ကျွန်တော် ဝါးရုံတောဘက် သွားကြည့်လိုက်ဉီးမယ်ကြီးကြီး.."

"ဒါဖြင့်ကြီးကြီးလည်းလိုက်မယ်ကွယ်.."

အမြန်သွားရမှာမို့ ကြီးတော်ကိုခေါ်လို့မဖြစ်..နောက်ပြီး ကလေးလေးက တကယ်သွားသည်မသွားသည် မသေချာတာမလို့ စေ့စေ့စပ်စပ်လိုက်ရှာဖို့လိုသည်။

တစ်ခါနှစ်ခါမျှသာရောက်ဖူးတဲ့ ဆော့ဂျင်အဖို့ ကြီးတော်နဲ့အတူသွားရင် အဖော်ရပေမယ့် ခရီးနှောင့်နှေးလိမ့်မည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now