🍂13🍂

566 73 29
                                    


ကလင်..ကလင်..ကလင်

မနက်စောစောစီးစီး ဧည့်ခန်းမှ ဖုန်းသံကြောင့် မီးဖိုထဲက ကြီးကြီးက အပြေးအလွှားထွက်လာသည်။

ဖုန်းထားရာ စားပွဲနားရောက်လာစဉ်မှာပဲ..

"နေ..နေ မိနှင်း!!!"

ခက်ကျယ်ကျယ်အသံနှင့် လှေကားမှ သွက်သွက်ဆင်းလာသော သခင်ကြီးဂျွန်..။

ကြီးတော်လည်း ခါးလေးကိုင်းကာ နောက်ပြန်လှည့်၍ မီးဖိုထဲပြန်ဝင်လာခဲ့သည်။

"ဟဲလို အမိန့်ရှိပါ..ဘယ်သူပါလဲခဗျာ..!!"

ထည်ဝါသော အန်ကယ်ဂျွန်၏ အသံသည် အဖြတ်အတောက် ညီညာစွာထွက်ပေါ်လာသည်။

"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ..!! "

တဖက်က ဘာပြောသည့်မသိ..အန်ကယ်ဂျွန်အသံက ခက်ဆက်ဆက်ဖြစ်လာသည်။

"အို..ဒါ အဓိပ္ပါယ်မရှိတာပဲ!!.."

အန်ကယ်ဂျွန်က ဖုန်းပြောရင်း အသံတွေမာလာသည်။

"ကောင်းပြီ.. ဟုတ်မဟုတ် ကြည့်ကြသေးတာပေါ့.."

ဖုန်းကို ဂွက်ကနဲ့ချလိုက်သည့် အန်ကယ်ဂျွန်သည် တစ်စုံတစ်ခုကို ဒေါသထွက်သည့်နှယ် မျက်နှာထားက ခက်တင်းတင်း..

"မိနှင်း..!!..ဟေ့ မိနှင်း..!!"

ခေါ်သံကြောင့် မီးဖိုဆောင်ထဲမှ ကြီးတော်နှင်းခမျာ ပြာပြာသလဲထွက်လာသည်။

"ဟုတ်ကဲ့ ပြောပါ အကိုကြီး.."

"ငါ့အတွက် အခုချက်ချင်း အထုတ်အပိုးပြင်!!..ဒီနေ့ချင်း ခရီးထွက်ရမယ်..!!တောက်စ်..အယုတ်တမာတစ်သိုက်!!..ဒင်းတို့.. ဟုတ်ရင်ဟုတ်.. မဟုတ်လို့ကတော့..!!"

ဆက်မပြောပဲ ဖုန်းတင်ထားရာ စားပွဲကို အုန်းကနဲ့ ရိုက်ချသည်။

"ငါလက်ထဲတင် သေဖို့ပြင်..!!"

သူ့တစ်ကိုယ်ထဲ ကြိမ်းဝါးပြီးသည့် နောက်တွင်တော့ သွေးလန့်စရာအပြုံးကို ပြုံးလေသည်။ ထိုအပြုံး၏ နောက်ကွယ်တွင် မသတီစရာ အငွေ့အသက်အချို့လည်းကပ်ပါသွားသည်။ ဒါတွေကို တွေ့လိုက်ရသည့် ကြီးတော်နှင်းက အိမ်ကြီးရှင်ရှေ့မှောက်မှ အမြန်ဆုံးနှုန်းဖြင့် ခြေလှမ်းရင်း သူ့တာဝန်သူလုပ်ရန် ထွက်ခွာသွားသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now