🍂31🍂FINAL🍂

1.4K 90 47
                                    

"ဗိုက်က ဘယ်ဘက်ခြမ်းကပဲ ထိုးအောင့်နေတယ်ဆိုတော့ တခြားပျို့ချင်အန်ချင်တာမျိုးရော ဖြစ်လား သမီး.."

"ဟင့်အင်း မဖြစ်ဘူးဆရာ.."

"အင်း..ရင်ခေါင်းက အောင့်တာမျိုးရော ရှိလား သမီးလေး.."

"မရှိဘူးဆရာ..ဒီနားကြီးကပဲ ပူပြီးထိုးထိုးအောင့်နေတာ.."

လူနာကုတင်ပေါ်က ကလေးမလေးဟာ မျက်နှာလေးကို ရှုံမဲ့ရင်း သူ့ဝမ်းဗိုက်လေးကို ဖိပြသည်။

ဘေးမှာမတ်တပ်ရပ်နေတဲ့ မိခင်ဖြစ်သူကတော့ သူ့သမီးလေးကိုကြည့်ရင်း..

"ဒီလောက်အဆော့မက် အစားမက်မှတော့ ဖြစ်ပြီပေါ့..အဲ့ကလေးက အစာစားချိန်လည်း မမှန်ဘူး..စားရင်လည်း ဘယ်တော့မှ လူစားမစားဘူး..အသီးအရွက်ဆိုလည်းမကြိုက်..အသားငါးပဲစားတယ်..တစ်ခါတစ်လေအိမ်မှာ အသားဟင်းမပါရင် စမ်းချောင်းဘက်သွားပြီး ငါးဖမ်းသေးတယ်.. "

မိခင်ဖြစ်သူက တဗျစ်တောက်တောက်ပြောသည်။

"မေကြီးရာ.. မီးဗိုက်အောင့်လို့ တိတ်တိတ်နေစမ်းပါ.."

"ဟဲ့ ညည်းအကြောင်းကို ဒေါက်တာသိအောင်ပြောထားရတာ ကလေးစုတ်ရဲ့.."

မိခင်ဖြစ်သူက ဟောက်ဟမ်းပြောတော့ ဆယ့်ငါးနှစ်အရွယ် ဂျစ်တစ်တစ်ကလေးမလေးက နှုတ်ခမ်းဆူကာ မသိချင်ယောင်ဆောင်သည်။

"သမီးလေးက အစားကို အချိန်မှန်စားရမယ်နော်..နောက်ပြီး အသီးအရွက်ရော အသားငါးရောမျှမျှတတ စားပေးရမယ်..လောလောဆယ် နှစ်ရက်လောက်တော့ ဆန်ပြုတ်ပျော့ပျော့လေးပဲ သောက်လို့ရမယ်..အစာအိမ်ရောင်နေတာဆိုတော့ အစာမာတွေစားလို့ လုံးဝမရသေးဘူး.."

"မီးက ဆန်ပြုတ်မကြိုက်ဘူး ဆရာ.."

"မကြိုက်လည်းသောက်ရမယ် သမီး..ရိုးရိုးဆန်ပြုတ်မကြိုက်ရင် နို့ဆန်ပြုတ်လေးသောက်..ဆရာဒီမှာ ဆေးသုံးရက်စာ ပေးလိုက်မယ်..ဒီဆေးကုန်ရင် ဒီသန်ချဆေးကို တစ်ခါတည်းသောက်ရမယ်နော်.."

ကလေးမလေးက သူ့လက်ထဲရောက်လာတဲ့ ဆေးထုတ်လေးကိုရော သက်သက်ပေးလိုက်တဲ့ ပန်းရောင်သန်ချဆေးဘူးလေးကိုရော ကြည့်ရင်း မျက်နှာလေးရှုံ့မဲ့သွားသည်။

နုနုငယ်ငယ်🍂[Complete]Where stories live. Discover now